ဟူပေပြည်နယ်ထောက်ပံ့ကူညီတာ ၁၄ ရက်ရှိပြီ။ ဒီနေ့ ရှန်နင်မှာ နေသာပါပြီ။ အားလုံးက ကျင့်သားရနေပြီ ထင်ပါတယ်။ နေတာ၊ အလုပ်ဆင်းတာ အရာအားလုံးကို စနစ်တကျ လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့ရောက်ရောက်ချင်းမှာ ဒီနေရာနဲ့ လိုက်လျောညီထွေမရှိပါဘူး။ အခုဆိုရင် သီးခြားပိုးသတ်ခြင်း၊ လူနာစီမံခြင်း၊ ကုသစောင့်ရှောက်ခြင်း စတာတို့ကိုလည်း အစီအစဉ်တကျ လုပ်နေတယ်။ ဒေသဆေးရုံမှာရှိတဲ့ သူနာပြုတွေကလည်း တစ်လနီးပါးလောက် အိမ်မပြန်နိုင်ကြဘူး။ လုပ်ဖော်ကိုင်ဖက်တော်တော်များများက ဆေးရုံမှာ စားတယ်၊ အိပ်တယ်။ ခန္ဓာကိုယ်ကို ကောင်းမွန်စွာကာကွယ်ရာမှာ အာဟာရကို ကောင်းကောင်းဖြည့်တင်းဖို့နဲ့ ကောင်းကောင်းအနားယူဖို့ သူနာပြုဦးစီးက နေတိုင်းမှာကြားပါတယ်။
ကာကွယ်ရေးအင်္ကျီ ဝတ်ဆင်ထားသော လုပ်ဖော်ကိုင်ဖက်အသစ်များကို သိပ်မရင်းနှီးပေမယ့် ပူးပေါင်းဆောင်ရွက်ရာမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်အဆင်ပြေလာပါတယ်။ နေ့စဉ် အရမ်းပင်ပန်းခက်ခဲပေမယ့် ပြန်လည်ကျန်းမာလာတဲ့ လူနာတွေကို တွေ့ရင် ပင်ပန်းနွမ်းနယ်မှုတွေဟာ အိပ်ပျော်နေပါတော့တယ်။
အဝေးက မိသားစုများရဲ့ ချစ်ခြင်းမေတ္တာများ၊ သူငယ်ချင်းများရဲ့ စိုးရိမ်ပူပန်သတိရခြင်းများကို ရရှိခံစားရပါတယ်။ မိမိအနားမှာတော့ ရောဂါကာကွယ်ရေးရှေ့တန်းနေရာမှာ အတူတကွရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိပါတယ်။ အားလုံးက မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်ရင်း ကျန်းကျန်းမာမာ ရှိကြဖို့ မျှော်လင့်ပါတယ်။ ရောဂါကာကွယ်ရေးအောင်မြင်ပြီးနောက်မှာ ကျွန်တော်တို့က လုံခြုံကျန်းမာစွာနဲ့ အိမ်ပြန်လာပါမယ်။ ကျွန်တော်တို့က ရှန်နင်မြို့မှာ ကောင်းမွန်စွာရှိနေပါတယ်။ မစိုးရိမ်ကြပါနဲ့။
ယူနန်ပြည်နယ် ပြည်သူ့ဆေးရုံအမှတ်(၃)၏ ပထမအသုတ် ဟူပေပြည်နယ်ထောက်ပံ့ကူညီရေးအဖွဲ့မှ ရှာယရန်