၂၀၁၉ ခုနှစ်အတွင်း ယူနန်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သူဦးရေ ၁၃.၆၈ သိန်းရှိ

2020-02-18 15:29:58 |သတင်းအရင်းအမြစ် 新华社

“၂၀၁၉ ခုနှစ်မှာ ယူနန်ပြည်နယ်က ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းကို အင်တိုက်အားတိုက် တွန်းတင်ဆောင်ရွက်ခဲ့ရာ ဆင်းရဲမွဲတေမှုနှုန်း ၁.၃၂% ထိ လျော့ချနိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းရဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။”ဟု ယူနန်ပြည်နယ်ဆိုင်ရာဆင်းရဲမွဲတေမှုလျော့ချရေးဌာနမှ တာဝန်ရှိသူ ဟွန်ယွမ်ဘောက မိတ်ဆက်ပြောကြားသည်။ ၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သူဦးရေမှာ ၁၃.၆၈ သိန်းရှိပြီး ဆင်းရဲနွမ်းပါးသော ကျေးရွာ ၃၀၀၅ ရွာ၊ ခရိုင် ၃၃ ခုတို့သည် ဆင်းရဲနွမ်းပါးနေရာဟူသောအမည်မှ လွတ်မြောက်လာနိုင်ခဲ့ကြောင်း သူက ဆက်လက်ပြောပါသည်။

ယူနန်ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေးမှာ သိသိသာသာတိုးတက်နေပြီး တစ်ပြည်နယ်လုံးရှိ ဆင်းရဲနွမ်းပါးသူများအနက် လူတစ်ဦးချင်းအသားတင်ဝင်ငွေ တရုတ်ယွမ် ၅၀၀၀ နှင့်အထက်ရှိသူမှာ ၂၀၁၅ ခုနှစ်တွင် ၅% ရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၉၀.၆% သို့ မြှင့်တက်လာပါသည်။ ကုန်ထုတ်လုပ်ငန်းမှ ပံ့ပိုးမှုအချိုးသည် ၄.၅% မှ ၉၃.၆% သို့ တိုးလာပြီး ပုံမှန်အလုပ်ရရှိသော အချိုးမှာ ၉.၂% မှ ၅၅.၁% သို့ တိုးလာကြောင်း သတင်းအရသိရပါသည်။

တစ်ချိန်တည်းတွင် ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းကို ထိရောက်စွာဖြေရှင်းနိုင်ခဲ့ပြီး တစ်ပြည်နယ်လုံး၏ ဆင်းရဲနွမ်းပါးဒေသရှိ တောင်သူလယ်သမားများ၏ တစ်ဦးချင်းဝင်ငွေသည် ၂၀၁၅ ခုနှစ်တွင် တရုတ်ငွေ ၂၇၄၄.၄၃ ယွမ်ရှိရာမှ ၂၀၁၉ခုနှစ်တွင် ၉၂၄၉.၄၉ ယွမ်သို့ တိုးလာပြီး တိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ၈ ခု၊ တိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ၂၉ ခု၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၅ ခုနှစ်တွင် ၁၀.၅၈% နှင့် ၁၂.၁၇% ရှိရာမှ ၂၀၁၉ ခုနှစ်တွင် ဝ.၈၆% နှင့် ဝ.၅၃% သို့ ကျဆင်းလာသည်။

၂၀၁၉ ခုနှစ်နှစ်ကုန်အထိ ယူနန်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးသူဦးရေမှာ ၉၅% လျော့ကျလာပြီး ဆင်းရဲနွမ်းပါးသောကျေးရွာ ၉၅%၊ ဆင်းရဲနွမ်းပါးသောခရိုင် ၉၂% လျော့ကျလာသည်။ ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တွန်းတင်ဆောင်ရွက်နေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အချိန်ဇယားအတိုင်း အောင်မြင်စွာ ဆောင်ရွက်နေကြောင်း ဟွန်ယွမ်ဘောက ပြောကြားပါသည်။

သတင်းထောက်။ ။ဖူချောင်း (ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006