တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ နောက်ဆုံးရစာရင်းအရ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၀ နာရီမှ ည ၁၂ နာရီအထိ တရုတ်ပြည်မကြီးတွင် အသစ်တိုးလာသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဝေဒနာရှင် ဦးရေမှာ ၁၈၈၆ ဦးရှိပြီး သေဆုံးသူဦးရေ ၉၈ ဦးရှိကာ ရောဂါကူးစက်ခံရသည်ဟုသံသယရှိသူ ဦးရေ ၁၄၃၂ ဦး ရှိကြောင်း သိရသည်ဟု China Media Groupကရေးသောဖော်ပြပါသည်။
၁၇ ရက်နေ့ ည ၁၂ နာရီအထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဝေဒနာရှင် စုစုပေါင်းဦးရေမှာ ၇၂၄၃၆ ဦးထိ ရှိပြီး ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူစုစုပေါင်းဦးရေမှာ ၆၂၄၂ ဦးရှိကာ ဆေးကုသမှုခံပြီး ဆေးရုံမှဆင်းသွားခဲ့သူ စုစုပေါင်းဦးရေမှာ ၁၂၅၅၂ ဦးရှိ၍ သေဆုံးသူဦးရေမှာ ၁၈၆၈ ဦးရှိကြောင်း၊ ယခု သက်ဆိုင်ရာမှ စောင့်ကြည့်အကဲခတ်မှုခံနေရသော ရောဂါရှိသူများနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ စုစုပေါင်းဦးရေမှာ ၁၄၁၅၅၂ ဦးရှိကြောင်းသိရသည်။