တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ နောက်ဆုံးထုတ်ပြန်သောစာရင်းအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရုတ်ပြည်မကြီးတွင် အသစ်တိုးလာသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဝေဒနာရှင် ဦးရေမှာ ၁၇၄၉ ဦးရှိပြီး သေဆုံးသူဦးရေ ၁၃၆ ဦးရှိကာ ရောဂါကူးစက်ခံရသည်ဟုသံသယရှိသူ ဦးရေ ၁၁၈၅ ဦး ရှိကြောင်း သတင်းအရသိရပါသည်။
၁၈ ရက်နေ့ထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဝေဒနာရှင် စုစုပေါင်းဦးရေမှာ ၇၄၁၈၅ ဦးထိ ရှိပြီး ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူစုစုပေါင်းဦးရေမှာ ၅၂၄၈ ဦးရှိကာ ဆေးကုသမှုခံယူသက်သာပြီး ဆေးရုံမှဆင်းသွားခဲ့သူ စုစုပေါင်းဦးရေမှာ ၁၄၃၇၆ ဦးရှိ၍ သေဆုံးသူဦးရေမှာ ၂၀၀၄ ဦးရှိကြောင်း၊ သက်ဆိုင်ရာမှ စောင့်ကြည့်ခံနေရသော ရောဂါရှိသူများနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့သူ စုစုပေါင်းဦးရေမှာ ၁၃၅၈၈၁ ဦးရှိကြောင်း သိရသည်။