ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မစ္စလီအား ဂုဏ်ပြုစဉ်။ ယူနန်ပြည်နယ် ကူမင်းသွေးလှူဘဏ်မှ ဓာတ်ပုံပေးပို့သည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မွန်းလွဲ ၁ နာရီတွင် ယူနန်ပြည်နယ် ကူးစက်ရောဂါဆေးရုံ၌ ဆေးကုသခံယူပြီး ပြန်လည်ကျန်းမာလာသော ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် မစ္စလီသည် ယူနန်ပြည်နယ် ကူမင်းသွေးလှူဘဏ် ယွီဟွားသွေးလှူစခန်းတွင် သွေးပလာစမာ ၄၀၀ မီလီလီတာကို လှူဒါန်းကြောင်း သတင်းအရသိရပါသည်။