ယူနန်ပြည်နယ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ယူနန်ပြည်နယ်၌ အသစ်တိုးလာသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် မရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထိ တစ်ပြည်နယ်လုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုရောဂါဝေဒနာရှင် စုစုပေါင်းဦးရေမှာ ၁၇၄ ဦးရှိပြီး ဆေးကုသမှုခံယူကာ ပြန်လည်ကျန်းမာသူ စုစုပေါင်းဦးရေမှာ ၁၁၅ ဦး၊ သေဆုံးသူ ၂ ဦးရှိသည်။ လက်ရှိအချိန်တွင် ဆေးဝါးကုသမှုခံယူနေသည့် စစ်ဆေးအတည်ပြု ကိုရိုနာဗိုင်းရပ်စ် ရောဂါဝေဒနာရှင် ၅၇ ဦးအနက် ရောဂါအခြေအနေဆိုးရွားကာ အသက်အန္တရာယ်ရှိ လူနာ ၁ ဦး၊ ရောဂါပြင်းထန်သူ ၁ ဦး ရှိပြီး သံသယရှိသူ ၃၂ ဦးရှိပါသည်။ ရင်းနှီးထိတွေ့ခဲ့သူများ စောင့်ကြည့်သူဦးရေမှာ ၁၅၁ ဦးရှိပြီး စုစုပေါင်း ၈၁၉ ဦးကို စောင့်ကြည့်စစ်ဆေးနေကြောင်း သတင်းအရသိရပါသည်။
သတင်းအရင်းအမြစ် ။ ။ ယူနန်ကွန်ရက်