တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ

2020-02-24 17:27:38 |သတင်းအရင်းအမြစ် CRI

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ယခုလ ၂၁ ရက်နေ့က အစည်းအဝေး ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက် ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကို လေ့လာဆွေးနွေးပြီး ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို စီမံခန့်ခွဲခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင်၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကို မလျှော့သောဇွဲဖြင့် ထိရောက် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ပြန်လည် စတင်ရေးကို စနစ်တကျ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်ရေး၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရေးကို ဇောက်ချ ပြုလုပ်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

ယင်းနေ့၌ပင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ပီကင်းမြို့ ဟိုင်တျန့် မြို့နယ်၌ ကူးစက်ရောဂါ ကုသရေးနှင့် ထိန်းချုပ်ရေး ကုန်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးမှု အခြေအနေကို လေ့လာကြည့်ရှုခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006