ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ လျန်ဟယ်ခရိုင်မှ လှူဒါန်းထားသော ထောက်ပံ့ကူညီရေးပစ္စည်းကို ကုန်တင်ယာဉ် ၄ စီးဖြင့် ဟူပေပြည်နယ် ရှန်နင်မြို့သို့ ပို့ဆောင်သည်။ လျန်ဟယ်ခရိုင်မှ လူတစ်ဦးချင်းစီက စေတနာဖြင့် ထည့်ဝင်သော အလှူငွေစုစုပေါင်း တရုတ်ယွမ်ငွေ ၆.၅၈၉ သိန်းဖြင့် ဒေသထွက်ကုန်ဖြစ်သော ဆန် တန်ချိန် ၉၀ ၊ မုန်ညင်းဆီ ၆ တန်၊ လျန်ဟယ်ခရိုင် အားချန်းရှမ်းဒေသထွက် မျောက်ဥ ၃၂ တန်ကို ဝယ်ယူပြီး ဟူပေပြည်နယ် ရှန်နင်မြို့သို့ ထောက်ပံ့ကူညီရန် ပို့ဆောင်ကြောင်း သတင်းအရ သိရပါသည်။
သတင်းအရင်းအမြစ်။ ။လျန်ဟယ်မီဒီယာစင်တာ