ယူနန်ပြည်နယ်ရွံယင်ခရိုင် ကျေးရွာအလုပ်သမားများသည် “အထူးသီးသန့်ယာဉ်”များဖြင့် လုပ်ငန်းခွင်များသို့ ထွက်ခွာ

2020-02-26 17:43:40 |သတင်းအရင်းအမြစ် 人民网

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူနန်ပြည်နယ် ချူရွှံမြို့ ရွံယင်ခရိုင်ရှိ ကျေးရွာအလုပ်သမား ၈၀ ဦးသည် “အထူးသီးသန့်ယာဉ်”များဖြင့် ကွန်ကျိုး၊ ရှိန်းကျိန့်ရှိ လုပ်ငန်းခွင်များသို့ ပြန်သွားကြသည်။ အဆိုပါခရီးစဉ်သည် ဒေသဆိုင်ရာ ပေါင်းစည်းစီစဉ်ထားသော တတိယအသုတ် ရွေ့ပြောင်းလုပ်သားများ ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ရွံယင်ခရိုင်သည် ရွေ့ပြောင်းလုပ်သား ၆၆၀၄ ဦးကို နည်းလမ်းအမျိုးမျိုးဖြင့် စုစည်းကာ လုပ်ငန်းခွင်သို့ပြန်ရန် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းအရသိရပါသည်။ ဆက်လက်ပြီး ရွံယင်ခရိုင်သည် ကျန်ရှိနေသေးသည့် ရွေ့ပြောင်းလုပ်သားများကို ကျယ့်ကျန်းပြည်နယ်၊ ဖူကျန့်ပြည်နယ်၊ ရှိင်ဟိုင်မြို့ရှိ လုပ်ငန်းခွင်များသို့ အလုပ်ပြန်ဆင်းနိုင်ရန် အင်တိုက်အားတိုက်ပံ့ပိုးကူညီဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းအရသိရပါသည်။

သတင်းထောက်။ ။ ယောင်ရွံ (ပြည်သူ့ကွန်ရက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006