ယူနန်ပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်များ၏ ပြန်လည်ကျန်းမာနှုန်းသည် ၇၄.၁၄% သို့ ရောက်ရှိ

2020-02-26 17:55:36 |သတင်းအရင်းအမြစ် 云南日报

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မွန်းတည့် ၁၂ နာရီအထိ ယူနန်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် ၁၂၉ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး ပြန်လည်ကျန်းမာနှုန်းသည် ၇၄.၁၄% သို့ ရောက်ရှိကြောင်း သတင်းအရသိရပါသည်။ လင်ချန်း၊ လိကျန်း၊ ဖူအယ်၊ ချူရွှံ၊ဝင်စမ်းစသည့် ပြည်နယ်ခွဲ(မြို့) ၅ ခုတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်အားလုံးသည် အောင်မြင်စွာကုသပြီး ပြန်လည်ကျန်းမာကာ ဆေးရုံဆင်းခဲ့ပြီး “တစ်ယောက်မှမရှိ”ဟူသော ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ လက်ရှိတွင် ယူနန်ပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်မရှိသော ပြည်နယ်ခွဲ(မြို့) ၇ ခုရှိပြီဖြစ်ကြောင်း သတင်းအရသိရပါသည်။

လက်ရှိအချိန်တွင် ယူနန်ပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ကုသမှုတွင်ပါဝင်သော ဆေးဘက်ဝန်ထမ်းများတွင် ရောဂါကူးစက်ခံရခြင်းမရှိပါကြောင်း၊ ၂၄ ရက်နေ့အထိ ယူနန်ပြည်နယ်မှ သတ္တမအသုတ်ထိ စေလွှတ်ထားသော ဆေးဘက်ဝန်ထမ်း ၁၁၅၆ ဦးသည် ဟူပေပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသနေကြောင်း သတင်းအရသိရပါသည်။

သတင်းထောက်။ ။လျုရှောင်ရင် (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006