တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုရက်များတွင် တရုတ်ပြည်တစ်ပြည်လုံး နွေဦးရာသီလယ်ယာစိုက်ပျိုးရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အရေးကြီး ညွှန်ကြားချက်ချမှတ်ခဲ့ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလေလေ၊ လယ်ယာစိုက်ပျိုးရေးကို တည်ငြိမ်စေရလေလေ၊ စားနပ်ရိက္ခာနှင့် အရေးကြီးအရန်စားသောက်ကုန်များ၏ လုံခြုံဖူလုံမှုကို အာမခံ ပေးရလေလေဖြစ်ကြောင်း၊ ဒေသအရပ်ရပ်မှ ပါတီကော်မတီများအနေနှင့် ကျေးရွာ၊ လယ်ယာစိုက်ပျိုးရေးနှင့် လယ်သမားရေးရာလုပ်ငန်းများကို ထိပ်တန်းအရေးကြီးနေရာတွင် ထားရမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။
ဆက်လက်၍ ရှီကျင့်ဖိန်က ယခုလောလောဆယ်တွင် အဆင့်ခွဲ၍ ကူးစက် ရောဂါ ထိန်းချုပ်ခုခံသည့် တစ်ချိန်တည်းတွင် နွေဦးထွန်ယက် စိုက်ပျိုးရေးများကို အားသွန်ခွန်စိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထား ပြောကြား ခဲ့ပါသည်။