ယူနန်ပြည်နယ်တွင် ၆ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါဝေဒနာရှင်အသစ် တွေ့ရှိခြင်းမရှိ

2020-02-27 17:36:16 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ် အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၆ ရက်နေ့ထိ ယူနန်ပြည်နယ်၌ အသစ်တိုးလာသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် မရှိကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ထိ ယူနန်ပြည်နယ်တွင် ၆ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်အသစ် စစ်ဆေးတွေ့ရှိခြင်းမရှိပါကြောင်း၊ တစ်ပြည်နယ်လုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုရောဂါဝေဒနာရှင်စုစုပေါင်းဦးရေမှာ ၁၇၄ ဦးရှိပြီး ဆေးကုသမှုခံယူကာ ပြန်လည်ကျန်းမာသူစုစုပေါင်းဦးရေမှာ ၁၄၄ ဦး၊ သေဆုံးသူ ၂ ဦးရှိပါကြောင်း၊ လက်ရှိအချိန်တွင် ဆေးဝါးကုသမှုခံယူနေသည့်စစ်ဆေးအတည်ပြု ကိုရိုနာဗိုင်းရပ်စ်ရောဂါဝေဒနာရှင် ၂၈ ဦးအနက် ရောဂါပြင်းထန်သူ၁ဦးရှိပြီး သံသယရှိသူ ၁၇ ဦးရှိပါကြောင်း၊ ရင်းနှီးထိတွေ့ခဲ့သူများစောင့်ကြည့်သူဦးရေမှာ ၂၂၇ ဦးရှိပြီး စုစုပေါင်း ၃၃၆ ဦးကို စောင့်ကြည့်စစ်ဆေးနေကြောင်း သတင်းအရသိရပါသည်။

သတင်းထောက်။ ။ချင်ရှင်းလွန် (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006