ရှီကျင့်ဖိန်နှင့် မွန်ဂိုးလီးယားသမ္မတ တွေ့ဆုံစဉ်။
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယမန်နေ့ ၂၇ ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌ မွန်ဂိုးလီးယားသမ္မတ ပါဒ်တူလ်ဂါနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း China Media Group မှ သတင်းအရသိရပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် တရုတ်အစိုးရနှင့် ပြည်သူများသည် COVID-19 ကူးစက်ရောဂါကို အစွမ်းကုန် ခုခံတိုက်ဖျက်နေကာ ယင်းဖြစ်စဉ်တွင် မွန်ဂိုးလီးယား အစိုးရနှင့် ပြည်သူများ၏ ထောက်ပံ့ကူညီမှု များစွာ ရရှိခဲ့ကြောင်း၊ သမ္မတ ပါဒ်တူလ်ဂါ၏ တရုတ်ပြည် ခရီးစဉ်သည် တရုတ်-မွန်ဂိုးလီးယား နှစ်ဖက် ဆက်ဆံမှုကို သမ္မတက အလွန် အလေးထားခြင်းနှင့် တရုတ်ပြည်သူများအပေါ် လေးနက်သော ချစ်ကြည်ရေးကို ပြသကြောင်း ဖော်ပြပါသည်။
ရှီကျင့်ဖိန်နှင့် မွန်ဂိုးလီးယားသမ္မတ တွေ့ဆုံစဉ်။
သမ္မတ ပါဒ်တူလ်ဂါက တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းအဖြစ်ဖြင့် မွန်ဂိုးလီးယား ပြည်သူများသည် ခုလိုအထူးအချိန်အခါတွင် တရုတ်ပြည်သူများနှင့် အေးအတူ၊ ပူအမျှ ပူးပေါင်းဆောင်ရွက်ပြီး၊ တရုတ်ပြည် အေးချမ်းသာယာဖြစ်ပါစေဟုလည်း ဆုမွန်ကောင်း တောင်းလိုပါကြောင်း ပြောကြားပါသည်။