ယူနန်ပြည်နယ်မှ စေတနာသွေး ၈ သိန်းမီလီလီတာကို ဟူပေပြည်နယ်သို့ ကူညီထောက်ပံ့လှူဒါန်း

2020-03-02 17:03:21 |သတင်းအရင်းအမြစ် 云南日报

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် ဟူပေပြည်နယ် သွေးစင်တာတွင် သွေးမလုံလောက်၍ အရေးပေါ်အကူအညီလိုအပ်နေပါသည်။

မီလီလီတာ ၈ သိန်းရှိသော စေတနာသွေးများကို တင်ဆောင်ထားသည့် ပို့ဆောင်ရေးယာဉ်သည် ယူနန်ပြည်နယ် ကူမင်းသွေးစင်တာမှ ဟူပေပြည်နယ်ဆိုင်ရာကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးအတွက် ကူညီထောက်ပံ့ရန် ဖေဖော်ဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက ထွက်ခွာသွားပါသည်။

ယူနန်ပြည်နယ်မှ သွေးတင်ဆောင်သော ယာဉ်သည် ဟူနန်ပြည်နယ် ဟွိုင်ဟွာ့မြို့ မြောက်ပိုင်းအဝင်ဂိတ်သို့ ညသန်းခေါင်ချိန်တွင် ရောက်ရှိပြီးနောက် အသင့်စောင့်နေသော ဟူနန်ပြည်နယ် ယဉ်ထိန်းရဲအရာရှိများသည် သွေးပို့ဆောင်ရန် တက်ကြွစွာ ကူညီဆောင်ရွက်စဉ်။

၁၆ နာရီကြာ မောင်းနှင်ပြီးနောက် မတ်လ ၁ ရက်နေ့ နံနက် ၁ နာရီခွဲဝန်းကျင်တွင် ယူနန်ပြည်နယ်မှ သွေးတင်ဆောင်ထားသော မော်တော်ယာဉ်သည် ဟူနန်ပြည်နယ် ဟွိုင်ဟွာ့မြို့ မြောက်ပိုင်းအဝင်ဂိတ်သို့ ရောက်ရှိခဲ့ပြီး ဟူပေပြည်နယ် ဝူဟန့်သွေးစင်တာသို့ “မထိမတွေ့သောနည်း”ဖြင့် လွှဲပြောင်းပေးခဲ့သည်။

ယူနန်ပြည်နယ် ကူမင်းသွေးစင်တာမှ ဝန်ထမ်းများသည် လွှဲပြောင်းမည့် စာရင်းများကို သေချာစွာ စစ်ဆေးပြီးနောက် စာရင်းနှင့်သွေးများကို တစ်နေရာတည်းတွင် အတူထားရှိစဉ်။

နံနက်လင်းအားကြီး ၂ နာရီဝန်းကျင်တွင် အောင်မြင်စွာ လွှဲပြောင်းပြီးနောက် ဟူပေပြည်နယ် ဝူဟန့်သွေးစင်တာမှ သွေးရည်ပြောင်းရွှေ့ကားသည် အဆိုပါစေတနာသွေးများကို ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနေရာများသို့ အလျင်အမြန်ပို့ဆောင်ပေးသည်။

အကွာအဝေးတစ်ခုရောက်ရှိပြီးနောက် ဝူဟန့်သွေးစင်တာမှ ဝန်ထမ်းများ၏ သန်းခေါင်ချိန်ကူညီမှုများကို ညင်သာပျော့ပျောင်းစွာ ငြင်းပယ်၍ သွေးရွှေ့ပြောင်းကားသို့ ကိုယ်တိုင်ရွှေ့ပြောင်းတင်ဆောင်စဉ်။

ပို့ဆောင်ခြင်းခရီးစဉ်တစ်လျှောက်လုံးတွင် ယူနန်ပြည်နယ်မှ သွေးပို့ဆောင်ကားသည် ယူနန်၊ ကွေ့ကျိုး၊ ဟူနန်၊ ဟူပေမှ မီဒီယာ၊ ယဉ်ထိန်းရဲအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဌာနများ၏ ကူညီထောက်ခံချက်ကို ရရှိခဲ့ပြီး တရုတ်နိုင်ငံ တစ်နိုင်ငံလုံးပြည်သူလူထု၏ ဂရုစိုက်ခြင်းကိုလည်း ရရှိခဲ့ပါသည်။

ဤတစ်သုတ်စေတနာသွေးရည်သည် မီလီလီတာ(milliliter) ၈ သိန်းရှိသော suspended red blood cells နှင့် therapeutic dose အလုံး ၅၀ ရှိသော platelet ပါရှိကြောင်း သတင်းအရသိရပါသည်။

သတင်းအရင်းအမြစ်။ ။ယူနန်နေ့စဉ်သတင်းစာ

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006