ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ချိန်းဆိုထားသည့်အတိုင်း ကျူဘာနိုင်ငံဥက္ကဋ္ဌ ဒီအာဇ် ကာနေလ်၊ ချီလီနိုင်ငံ သမ္မတ ပီနေရာတို့နှင့် တယ်လီဖုန်းဖြင့် အသီးသီး ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ထိုသို့ဆက်သွယ်ရာတွင် နှစ်ဦးနှစ်ဖက်တို့သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခုခံကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း၊ နှစ်နိုင်ငံဆက်ဆံရေးစသော ကိစ္စရပ်များနှင့်ပတ်သက်၍ ကူးလူးဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။