ယူနန်ပြည်နယ် အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ မတ်လ ၂ ရက်နေ့ထိ ယူနန်ပြည်နယ်၌ အသစ်တိုးလာသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် မရှိကြောင်း၊ ဆေးကုသမှုခံယူကာ ပြန်လည်ကျန်းမာသူဦးရေအသစ် ၅ ဦး (ကူမင်းမြို့ ၄ ဦး၊ ယွိရှီးမြို့ ၁ ဦး)ရှိကြောင်း သတင်းအရသိရပါသည်။ မတ်လ ၂ ရက်နေ့ ၂၄ နာရီအထိ ယူနန်ပြည်နယ်တွင် ၁၁ ရက်ဆက်တိုက်ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်အသစ် တွေ့ရှိခြင်းမရှိပါ။ တစ်ပြည်နယ်လုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုရောဂါဝေဒနာရှင် စုစုပေါင်းဦးရေ ၁၇၄ ဦးရှိပြီး ဆေးကုသမှုခံယူကာ ပြန်လည်ကျန်းမာသူ စုစုပေါင်းဦးရေ ၁၆၈ ဦး၊ သေဆုံးသူ ၂ ဦးရှိပါကြောင်း၊ လက်ရှိအချိန်တွင် ဆေးဝါးကုသမှုခံယူနေသည့် စစ်ဆေးအတည်ပြု ကိုရိုနာဗိုင်းရပ်စ်ရောဂါဝေဒနာရှင် ၉ ဦးအနက် အသက်အန္တရာယ်ရှိသူနှင့် ရောဂါပြင်းထန်သူ မရှိကြောင်း၊ သံသယရှိသူ ၄ ဦးရှိကြောင်း သတင်းအရသိရပါသည်။
သတင်းထောက်။ ။ချင်ရှင်းလွန် (ယူနန်နေ့စဉ်သတင်းစာ)