ယမန်နေ့ ၂ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် စစ်ရေးဆေးပညာသုတေသနဌာနနှင့် ချင်ဟွာတက္ကသိုလ် ဆေးပညာကောလိပ်သို့ ရောက်ရှိပြီး COVID-19 ရောဂါ သုတေသနလုပ်ငန်းနှင့် ကုသကယ်ဆယ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် ဗက်စင်းကာကွယ်ဆေး၊ ပဋိပစ္စည်း(antibody)၊ ဆေးဝါးနှင့် လျင်မြန်စွာ ရောဂါစမ်းသပ် ဆုံးဖြတ်နိုင်သည့်ပစ္စည်း စသည်များဆိုင်ရာ သုတေသနပြုခြင်းနှင့် လက်တွေ့အသုံးပြုခြင်း များကို ကြည့်ရှုစစ်ဆေးသိရှိ၍ ပညာရှင်များနှင့် သုတေသီများကို ကြည့်ရှုအားပေး ခဲ့ကြောင်း၊ ထို့နောက် ဆွေးနွေးပွဲကို ကြီးမှူးကျင်းပပြီး သက်ဆိုင်ရာတာဝန်ခံနှင့် သုတေသီများ၏ အကြံပြုချက်နှင့် ထင်မြင်ချက်များကို ကြားနာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။