တရုတ်နိုင်ငံသည် COVID-19 ရောဂါပြင်းထန်စွာဖြစ်ပွားနေသောနိုင်ငံများ၊ WHO နှင့် နိုင်ငံတကာကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်လိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

2020-03-04 17:59:05 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အခြေအနေကို မျက်ခြေမပြတ် အာရုံစိုက်နေပြီး ရောဂါ ပိုမိုပြင်းထန်ဆိုးရွားနေသော နိုင်ငံအချို့က လက်ရှိရင်ဆိုင်နေရသော အခက်အခဲများအပေါ် မိမိခံစားနေရ သကဲ့သို့ ဖြစ်မိကြောင်း၊ တရုတ်နိုင်ငံအနေနှင့် သက်ဆိုင်ရာနိုင်ငံများ အထူးသဖြင့် ရောဂါပြင်းထန်စွာ ဖြစ်ပွားနေသောနိုင်ငံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အတူ နိုင်ငံတကာကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်လိုကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ ပြင်ပဒေသ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူဦးရေ ၈၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၃ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်နိုင်ငံ ပြင်ပဒေသ၌ ရောဂါကူးစက်ခံရသူဦးရေသည် တရုတ်နိုင်ငံ၌ ကူးစက်ခံရသူဦးရေ၏ ၉ ဆနီးပါးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ် Tedrosက ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006