၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့သည် ယူနန်နေ့စဉ်သတင်းစာတည်ထောင်သည့် နှစ်၇၀ ပြည့်နေ့ ဖြစ်ပါသည်။ ယူနန်နေ့စဉ်သတင်းစာသည် ၁၉၅၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ယူနန်ပြည်နယ်၏ အဓိကသတင်းစာနှင့်သတင်းစာအဖွဲ့ဖြစ်ကာ ယူနန်ပြည်နယ်ရှိ သတင်းစာ၊ ဂျာနယ်၊ ပလက်ဖောင်းမျိုးစုံပါရှိသော ကဏ္ဍစုံမီဒီယာဖြစ်သောကြောင့် ယူနန်ပြည်နယ်ရှိ မီဒီယာမြှင့်တင်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
လက်ရှိအချိန်တွင် ယူနန်နေ့စဉ်သတင်းစာသည် “ယူနန်နေ့စဉ်သတင်းစာ”၊ “နွေဦးမြို့ညနေပိုင်းသတင်းစာ”၊ “ယူနန်ကွန်ရက်”စသည့်ယူနန်ပြည်နယ်၏ အဓိကမီဒီယာပလက်ဖောင်းရှိပါသည်။ ထို့အပြင်၊ ယူနန်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာဆက်သွယ်ဖြန့်ချိရေးအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ဆောင်ရွက်နေပါသည်။
ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် အမေရိကန်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံ ၉ နိုင်ငံရှိ အဓိကမီဒီယာ ၁၀ ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဘာသာ ၆ မျိုးဖြင့် “တရုတ်၊ ယူနန်”အထူးသသင်းစာဂျာနယ် ၁၀ စောင်ကို လုပ်ဆောင်နေပါသည်။
ထို့အပြင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ဘာသာ ၄ မျိုးဖြင့် နိုင်ငံတော်အဆင့်မဂ္ဂဇင်း ၄ စောင်ကို တာဝန်ယူလုပ်ဆောင်လျက်ရှိပြီး တရုတ်၊ အင်္ဂလိပ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း ဘာသာ ၆ မျိုးဖြင့် အင်တာနက်စာမျက်နှာဖွင့်လှစ်ထားခြင်း၊ Facebook အကောင့် “Amazing Yunnan”ကို ဖွင့်လှစ်ကာ နိုင်ငံခြားဘာသာဖြင့် တရုတ်အကြောင်းအရာများကို တင်ဆက်လျက်ရှိပြီး တရုတ်ယဉ်ကျေးမှုနှင့် ယူနန်ပြည်နယ်ကို နိုင်ငံခြားသားအတွက် မိတ်ဆက်ပေးနေကြောင်း သတင်းအရသိရပါသည်။
သတင်းအရင်းအမြစ်။ ။ယူနန်နေ့စဉ်သတင်းစာ