ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မတ်လ ၁ ရက်နေ့မှစပြီး ယူနန်ပြည်နယ်၏ ခရီးသည်ပို့ဆောင်ရေးမီးရထား ပြန်လည်စတင်လည်ပတ်လျက်ရှိပြီး အဆိုပါနေ့တွင် ခရီးသည်ပို့ဆောင်ရေးမီးရထား ၁၁၈ စင်း ပြေးဆွဲကြောင်း တရုတ်မီးရထားကူမင်းဗျူရိုကုမ္ပဏီလီမိတက်မှ သိရပါသည်။ တရုတ်နိုင်ငံတစ်နိုင်ငံလုံးတွင် လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လည်ပတ်ပြီးနောက် ယူနန်ပြည်နယ် မီးရထားလမ်းကြောင်းဆိုင်ရာ ခရီးသည်ပို့ဆောင်ရေးအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့တိုးလာပြီး ခရီးသည်ပို့ဆောင်သည့်ဦးရေမှာလည်း မြှင့်တက်လာသည်။ လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မီးရထားစီမံခန့်ခွဲရေးဌာနသည် ခရီးသည်များအတွက် မီးရထားလက်မှတ်များကို အင်တာနက်မှတဆင့်ဝယ်ယူရန်၊ ဘူတာရုံနှင့်အများသုံးနေရာများသို့ ဝင်ရောက်ရာတွင် နှာခေါင်းစည်းဝတ်ဆင်ရန်၊ အများပြည်သူနေရာများသို့ ဝင်ရောက်ရာတွင် QR ကို ဖတ်၍ အချက်အလက်မှတ်တမ်းရန်၊ ဝန်ထမ်းများ၏ စီစဉ်ပေးမှုအတိုင်း လိုက်နာလုပ်ဆောင်ရန်၊ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစစ်ဆေးမှုခံယူရန်နှင့် စနစ်တကျခရီးထွက်ခွာနိုင်ရန် အကြံပြုလျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် ၂၀၂၀ ခုနှစ်ဇန်နဝါရီလ ၂၉ ရက်နေ့မှစ၍ တရုတ်မီးရထားလမ်းကူမင်းဗျူရိုကုမ္ပဏီလီမိတက်သည် ယူနန်ပြည်နယ်ဆိုင်ရာ ခရီးသည်ပို့ဆောင်ရေးမီးရထားအချို့ကို ယာယီရပ်ဆိုင်းခဲ့ကြောင်း သတင်းအရသိရပါသည်။
သတင်းထောက်။ ။ဟူရှောင်ယွံ (ယူနန်နေ့စဉ်သတင်းစာ)