ယူနန်ပြည်နယ် ကူးစက်ရောဂါကုသရေးဆေးရုံတွင် ကုသမှုခံယူနေသော ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါအတည်ပြုလူနာ နောက်ဆုံးတစ်ဦးသည် ဆေးဝါးကုသမှုအောင်မြင်ပြီး ပြန်လည်ကျန်းမာကာ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ဆေးရုံမှ ဆင်းခွင့်ရကြောင်း၊ ယခုအချိန်ထိ ကူမင်းမြို့ရှိ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုရောဂါဝေဒရှင် ၅၃ ဦးအနက်အားလုံးသည် ဆေးဝါးကုသမှုအောင်မြင်ပြီးမြောက်ကာ ပြန်လည်ကျန်းမာပြီး ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သတင်းအရသိရပါသည်။
မတ်လ ၅ ရက်နေ့တွင် ယူနန်ပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်အသစ်တွေ့ရှိခြင်းမရှိကြောင်း၊ မတ်လ ၅ ရက်နေ့ထိ ယူနန်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုရောဂါဝေဒနာရှင် စုစုပေါင်းဦးရေ ၁၇၄ ဦးရှိပါကြောင်း၊ ၁၄ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်အသစ် တွေ့ရှိခြင်းမရှိကြောင်း သတင်းအရသိရပါသည်။
သတင်းအရင်းအမြစ်။ ။ယူနန်ကွန်ရက်