ယူနန်ပြည်နယ်၏ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိအလုပ်ဆင်းသောကျေးရွာများမှ အလုပ်သမားဦးရေမှာ ၈၂ သိန်းကျော်ရှိ

2020-03-09 18:38:38 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ် Municipal Bureau of human resources and social security မှ သတင်းအရ မတ်လ ၇ ရက်နေ့အထိ ယူနန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိ အလုပ်ဆင်းကြသော ကျေးရွာများမှ အလုပ်သမားစုစုပေါင်းဦးရေမှာ ၈၂.၀၂၆ သိန်းကျော်ရှိကြောင်း သိရပါသည်။

ကျေးရွာမှ အလုပ်သမားများအတွက် တရုတ်နိုင်ငံရှိအခြားသော ပြည်နယ်သို့ သွားရောက်စီးပွားရှာခြင်းသည် ဒေသအစိုးရမှ ကျေးရွာဒေသအတွက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန် အရေးကြီးဆုံးနည်းလမ်းတစ်မျိုးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် ယနှစ်တွင် ယူနန်ပြည်နယ်မှ ကျေးရွာအလုပ်သမားများသည် အိမ်ပြန်၍ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြရာမှ အလုပ်ခွင်ပြန်ရန် အခက်အခဲဖြစ်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ယူနန်ပြည်နယ်၏ အစိုးရအဆင့်ဆင့် အလုပ်ခွင်ပြန်ရန် အထူးယာဉ် ၉၃၈၇ စီး၊ အထူးမီးရထား ၇၁ စီး၊ အထူးလေယာဉ် ၂၈ စီးကိုစီစဉ်ထားခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားရာမှာ ကျေးရွာအလုပ်သမားများအတွက် အလုပ်ခွင်ပြန်ရန် ကူညီပေးကြောင်း သတင်းအရသိရပါသည်။

သတင်းအရင်းအမြစ် ။ ။ဆင်ဟွာသတင်းဌာန

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006