ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဝူဟန့်မြို့ရှိ ဟိုရှင်စမ်း ဆေးရုံသို့ သွားရောက်ပြီး၊ ဆေးရုံ လည်ပတ်မှု အခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်များအား လက်ခံ ကုသရေး၊ ဆေးဝန်ထမ်းများ အန္တရာယ်ကင်းရှင်းရေး၊ သိပံ္ပနည်းပညာ သုတေသနပြုရေး စသည့်အကြောင်းများကို မေးမြန်း ကြည့်ရှု လေ့လာခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် ကုသမှု ခံနေသော COVID-19 ရောဂါသည်များနှင့် ဆေးဝန်ထမ်းများအား နှုတ်ဆက် အားပေးပြီး ယုံကြည်စိတ်ရှိရှိဖြင့် ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျက်ရမည်ဟု မှာကြားခဲ့ကြောင်း စီစီတီဗီမှ သတင်းအရ သိရပါသည်။