ဝူဟန့်မြို့ ကျန်းဟန့်ဖန်းချန်းဆေးရုံ ယာယီပိတ်လိုက်ပြီ

2020-03-10 18:40:36 |သတင်းအရင်းအမြစ် 云南日报

၂၀၂၀ ခုနှစ် မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် နောက်ဆုံး ၃၄ ဦးသည် ဝူဟန့်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှ ထွက်ခွာခွင့်ရပြီဖြစ်ရာ ဝူဟန့်မြို့ရှိ ခုတင်နေရာ၊ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်လက်ခံကုသခြင်း၊ အောင်မြင်စွာကုသပြီး ပြန်လည်ကျန်းမာသူ အများဆုံးဆေးရုံဖြစ်သော ကျန်းဟန့်ဖန်းချန်းဆေးရုံအား ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းအရသိရပါသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီတွင် ကျန်းဟန့်ဖန်းချန်းဆေးရုံသည် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်များအား ခုတင် ၁၆၀၀ ဖြင့် လက်ခံကုသပေးခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ယူနန်ပြည်နယ်မှ ဒုတိယအသုတ် ဆေးဘက်ဆိုင်ရာ ဟူပေပြည်နယ်ကူညီထောက်ပံ့ရေးအဖွဲသည် ကျန်းဟန့်ဖန်းချန်းဆေးရုံသို့ ရောက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်များအား ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ကျန်းဟန့်ဖန်းချန်းဆေးရုံကို စီမံခန့်ခွဲနေသော ဝူဟန့်ရှယ်ဟယ်ဆေးရုံ၏ မိတ်ဆက်ခြင်းအရ စုစုပေါင်း ၃၄ ရက်တာကာလအတွင်း ကျန်းဟန့်ဖန်းချန်းဆေးရုံသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် ၁၈၄၈ ဦးကို လက်ခံကုသခဲ့ပြီး ၅၂၁ ဦးကို ဆေးရုံပြောင်းရွှေ့ကာ ၁၃၂၇ ဦးကို အောင်မြင်စွာကုသပြီး ပြန်လည်ကျန်းမာလာသည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းမှာ မပြီးစီးသေးသောကြောင့် “ယာယီပိတ်ထား”ကြောင်းသတင်းထုတ်ပြန်ပြီး လိုအပ်ပါက ကျန်းဟန့်ဖန်းချန်းဆေးရုံအား ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။ ထို့နောက် ဝူဟန့်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာအား ၂-၃ ရက်ဝန်းကျင်အတွင်း စင်တာအတွင်းပိုင်းအား လုံးလုံးလျားလျားပိုးသတ်သန့်ရှင်းမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

သတင်းအရင်းအမြစ်။ ။ယူနန်နေ့စဉ်သတင်းစာ

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006