တန်ချိန် ၂၀၀ ရှိ “ချစ်ကြည်ရေးဆန်”သည် ယူနန်မှတဆင့် ဝူဟန့်သို့ ရောက်ရှိ

2020-03-11 17:36:41 |သတင်းအရင်းအမြစ် 云南日报

ကူမင်းအကောက်ခွန်ဌာနမှ သတင်းအရမတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ တရုတ်နိုင်ငံဟူပေပြည်နယ် ဟူဟန့်မြို့အတွက် ပေးလှူသောတန်ချိန် ၂၀၀ ရှိဆန်များသည် ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးရှေ့တန်းနေရာဝူဟန့်မြို့သို့ ရောက်ရှိကြောင်းသိရပါသည်။


အဆိုပါ တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးကို ကိုယ်စားပြုသော “ချစ်ကြည်ရေးဆန်”သည် မတ်လ ၁ ရက်နေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ထွက်ခွာ၍ မတ်လ ၅ ရက်နေ့တွင် ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။ မဝင်ရောက်မီတွင် ကူမင်းအကောက်ခွန်ဌာနသည် သီးခြားအဖွဲ့ ဖွဲ့စည်း၍ လှူဒါန်းသောဆန်များအဆင်ပြေစွာ ဖြတ်သန်းသွားနိုင်ရေးအတွက် ရွှေလီအကောက်ခွန်ဌာနသို့ လမ်းညွန်ပေးခဲ့ရာမတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရွှေလီဂိတ်သို့ ရောက်ရှိချိန်တွင် ရွှေလီအကောက်ခွန်ဌာနသည် အစိမ်းရောင်လမ်းကြောင်းဖြင့် လျင်မြန်စွာစစ်ဆေးဖြတ်ကျော်ခွင့်ပြုပါသည်။

သတင်းထောက် ။ ။လျဇွယွီ (ယူနန်နေ့စဉ်သတင်းစာ) ကူမင်းအကောက်ခွန်ဌာနမှ ဓာတ်ပုံပေးပို့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006