နွေဦးရာသီ၏ လက်ဆောင်တစ်ခုကို လက်ဆင့်ကမ်းပေးပါ

2020-03-11 17:41:28 |သတင်းအရင်းအမြစ် 云南日报

ကျင်းရင်ထန်ဆေးရုံတွင် ရှန်ဟိုင်မြို့မှ လာရောက်ကူညီထောက်ပံ့နေသော ဆေးဘက်ဝန်ထမ်းအမျိုးသမီးက ပန်းစည်းရရှိစဉ်။

မတ်လ ၇ ရက်နေ့တွင် ဝူဟန့်မြို့ ကျင်းရင်ထန်ဆေးရုံသည် ကီလိုမီတာ ၁၅၀၀ ဝေးကွာသော ယူနန်ပြည်နယ်မှ အလှပန်းစည်းများရရှိခဲ့ကြောင်း သတင်းအရသိရပါသည်။ အဆိုပါပန်းစည်းများသည် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ဟွန်ဟယ်ဟားနီ၊ ရီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ပန်းစိုက်တောင်သူများမှ ပေးလှူထားသော ကမ္ဘာ့အမျိုးသမီးနေ့အထိမ်းအမှတ်လက်ဆောင် ဖြစ်ပါသည်။ လတ်တလောရက်ပိုင်းတွင် PDD ကုမ္ပဏီသည် ယူနန်ပြည်နယ်၌ “အွန်လိုင်းရောင်းဝယ်ရေးဖြင့် လယ်သမားများကို ကူညီပေးခြင်း”ဟူသော လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိပြီး ဒေသခံပန်းစိုက်တောင်သူများသည် ဝူဟန့်ကိုကူညီထောက်ပံ့နေသော ဆေးဖက်ဝန်ထမ်းများအတွက် ပန်းစည်းများပေးပို့ရန် အဆိုပြုခဲ့ကြသည်။ မတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ပန်းစည်းပေါင်း ၁၆၀၀ ကို ယူနန်ပြည်နယ်မှ ဝူဟန့် မြန်နှုန်းမြင့်ရထားလမ်းထိ ၂ ကြိမ်ပို့ဆောင်ခဲ့သည်။

သတင်းထောက်။ ။အိုက်ဟွန်ရှာ(ဟူပေနေ့စဉ်သတင်းစာ) သတင်းပေးပို့သူ။ ။လီခိုင်း (ဟူပေနေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006