ယခုလ ၁၂ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ အခက်အခဲများ ကျော်လွှားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် တရုတ်ပြည်တွင်း၌ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အခြေအနေ ဆက်တိုက် ကောင်းမွန်လာပြီး ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝ အခြေအနေသည် လျင်မြန်စွာ ပြန်လည် ပုံမှန် ဖြစ်လာနေကြောင်း၊ ဆက်လက်ပြီး မိမိတို့သည် ကူးစက်ရောဂါ ထိန်းချုပ်ရေးကို အရင်ကလိုပင် ဆက်လက် ထိရောက်စွာ အားဖြည့် ဆောင်ရွက်မည် ဖြစ်ပြီး တစ်ချိန်တည်းတွင် စီးပွါးရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအရပ်ရပ်ကိုလည်း တွန်းအား ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ နိုင်ငံတကာမိသားစုကြီး အနေနှင့် ကူးစက်ရောဂါ ပူးတွဲ ထိန်းချုပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လျင်မြန် ထိရောက်စွာ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ လူသားများသည် အေးအတူပူအမျှ ဖြစ်သော ကံကြမ္မာတူ အသိုက်အဝန်း တစ်ရပ်ပင် ဖြစ်ကြောင်း ပြောကြားပါသည်။
ဂူတာရက်စ်က၊ တရုတ်နိုင်ငံသည် မျက်မှောက် အခက်အခဲများ ကြုံတွေ့နေရသော နိုင်ငံများအား ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှု ပေးနေခြင်းကို ကုလသမဂ္ဂက ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ထောက်ခံမှုသည် နိုင်ငံစုံဝါဒ အတွက် အလွန် အရေးကြီးကြောင်း ပြောကြားပါသည်။