ရှီကျင့်ဖိန်သည် “ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး တိုက်ပွဲ အောင်မြင်ရေးအတွက် အားကောင်းသော သိပံ္ပနည်းပညာ အထောက်အကူ ပေးရမည်” ခေါင်းစဉ်ဖြင့် ဆောင်းပါး ထုတ်ပြန်

2020-03-16 17:59:53 |သတင်းအရင်းအမြစ် CRI

ယခုလ ၁၆ ရက်နေ့ထုတ် ချိုရှိ မဂ္ဂဇင်းတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ထားကြောင်း၊ ဆောင်းပါး၏ ခေါင်းစဉ်သည် “ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး တိုက်ပွဲ အောင်မြင်ရေးအတွက် အားကောင်းသော သိပံ္ပနည်းပညာ အထောက်အကူ ပေးရမည်” ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ လူသားများက ရောဂါကို တိုက်ဖျက်ရန် အားအကောင်းဆုံးသော လက်နက်သည် သိပံ္ပနည်းပညာ ဖြစ်ပြီး လူသားများက ဘေးအန္တရာယ်ကြီး နှင့် ကူးစက်ရောဂါကြီးများကို တိုက်ဖျက်ရာ၌ သိပံ္ပပညာ ဖွံ့ဖြိုး တိုးတက်မှု၊ နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ခွဲမရကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ သိပံ္ပပညာ လေ့လာ သုတေသနပြုရေးကို သိပံ္ပံနည်းပညာနယ်ပယ်မှ အရေးပေါ် အရေးကြီး လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ထားပြီး ဘာသာရပ်မျိုးစုံ ပေါင်းစပ်၍ တညီတညွတ်တည်း ဦးဆောင် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာ အရေးကြီး ခဲရာခဲဆစ်များကို အမြန်ဆုံး ကျော်လွှားပြီး ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ပြည်သူ့တိုက်ပွဲ၊ အထွေထွေ တိုက်ပွဲ၊ တားမြစ်ရေးတိုက်ပွဲ အောင်ပွဲရအောင် အားကောင်းသော သိပံ္ပနည်းပညာ အထောက်အကူကို ပေးရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

ဆောင်းပါးတွင် ဆေးဝါး၊ ဆေးဘက်သုံး စက်ကိရိယာ လေ့လာ သုတေသနပြုရေးနှင့် လက်တွေ့ကျ ကုသရေး ပေါင်းစပ်မှုကို အားဖြည့်ပြီး ရောဂါ သက်သာမှုနှုန်းကို ထိရောက်စွာ တိုးမြှင့်ကာ သေဆုံးမှုနှုန်းကို လျှော့ချရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး သုတေသနပြုရေးနှင့် ထုတ်လုပ်မှုကွင်းဆက် ပေါင်းစပ်မှုကို တွန်းအားပေးရမည် ဖြစ်ပြီး ဖြစ်ပေါ်နိုင်ဖွယ်ရာ အချိန်ကြာ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းအတွက် ဘက်စုံ ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဗိုင်းရပ်စ် အရင်းအမြစ် လေ့လာ ရှာဖွေရေးနှင့် ဗိုင်းရပ်စ် ကူးစက် လမ်းကြောင်း လေ့လာရေးလုပ်ငန်းကို စည်းရုံး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှု သိပံ္ပနည်းပညာ လေ့လာရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားပါသည်။

ယခုလ ၁၆ ရက်နေ့ထုတ် ချိုရှိ မဂ္ဂဇင်းတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ထားကြောင်း၊ ဆောင်းပါး၏ ခေါင်းစဉ်သည် “ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး တိုက်ပွဲ အောင်မြင်ရေးအတွက် အားကောင်းသော သိပံ္ပနည်းပညာ အထောက်အကူ ပေးရမည်” ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ လူသားများက ရောဂါကို တိုက်ဖျက်ရန် အားအကောင်းဆုံးသော လက်နက်သည် သိပံ္ပနည်းပညာ ဖြစ်ပြီး လူသားများက ဘေးအန္တရာယ်ကြီးနှင့် ကူးစက်ရောဂါကြီးများကို တိုက်ဖျက်ရာ၌ သိပံ္ပပညာ ဖွံ့ဖြိုး တိုးတက်မှု၊ နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ခွဲမရကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ သိပံ္ပပညာ လေ့လာ သုတေသနပြုရေးကို သိပံ္ပံနည်းပညာနယ်ပယ်မှ အရေးပေါ် အရေးကြီး လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ထားပြီး ဘာသာရပ်မျိုးစုံ ပေါင်းစပ်၍ တညီတညွတ်တည်း ဦးဆောင် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာ အရေးကြီး ခဲရာခဲဆစ်များကို အမြန်ဆုံး ကျော်လွှားပြီး ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ပြည်သူ့တိုက်ပွဲ၊ အထွေထွေ တိုက်ပွဲ၊ တားမြစ်ရေးတိုက်ပွဲ အောင်ပွဲရအောင် အားကောင်းသော သိပံ္ပနည်းပညာ အထောက်အကူကို ပေးရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

ဆောင်းပါးတွင် ဆေးဝါး၊ ဆေးဘက်သုံး စက်ကိရိယာ လေ့လာ သုတေသနပြုရေးနှင့် လက်တွေ့ကျ ကုသရေး ပေါင်းစပ်မှုကို အားဖြည့်ပြီး ရောဂါ သက်သာမှုနှုန်းကို ထိရောက်စွာ တိုးမြှင့် ကာ သေဆုံးမှုနှုန်းကို လျှော့ချရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး သုတေသနပြုရေးနှင့် ထုတ်လုပ်မှုကွင်းဆက် ပေါင်းစပ်မှုကို တွန်းအားပေးရမည် ဖြစ်ပြီး ဖြစ်ပေါ်နိုင်ဖွယ်ရာ အချိန်ကြာ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းအတွက် ဘက်စုံ ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဗိုင်းရပ်စ် အရင်းအမြစ် လေ့လာ ရှာဖွေရေးနှင့် ဗိုင်းရပ်စ် ကူးစက် လမ်းကြောင်း လေ့လာရေးလုပ်ငန်းကို စည်းရုံး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှု သိပံ္ပနည်းပညာ လေ့လာရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006