တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယမန်နေ့ ၁၆ ရက်နေ့ညက ချိန်းထားချက် အတိုင်း အီတလီဝန်ကြီးချုပ် ကွန်တယ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ထိုသို့ဆက်သွယ်ရာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က ၂ လကြာ ကြိုးပမ်းဆောင်ရွက်မှုဖြင့် တရုတ်ပြည်တွင် COVID-19 ထိန်းချုပ်ရေးအခြေအနေ ကောင်းမွန်လာပြီး အဆင့်ကာလ အရ အရေးကြီးသည့် တိုးတက်အောင်မြင်မှု ရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ပြည်တွင်း စီးပွားရေးသည် လျင်မြန်စွာ နာလန်ပြန်ထူလာနေကြောင်း၊ တရုတ်ပြည်သူများအနေနှင့် COVID-19 ရောဂါတိုက်ဖျက်ရေး အောင်ပွဲကို အမြန်ဆုံးရရှိရန် ဆက်လက်ကြိုးပမ်း အားထုတ်ပြီး အခြားနိုင်ငံများ၏ COVID-19 ခုခံတိုက်ဖျက်ရေးကို ယုံကြည်မှု တိုးပွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။