ယူနန်ပြည်နယ် အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရမတ်လ ၁၅ ရက်နေ့တွင် ယူနန်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင် အသစ်တစ်ဦးတွေ့ရှိကြောင်းသိရသည်။ ထိုသူမှာစပိန်နိုင်ငံသို့ ဆွေမျိုးသွားရောက်တွေ့ဆုံကာအိမ်ပြန်လာခြင်းဖြစ်ပြီးလက်ရှိတွင် အဆိုပါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဝေဒနာရှင်သည် ယူနန်ပြည်နယ် ကူးစက်ရောဂါကုသရေးဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကာသက်ဆိုင်ရာရင်းနှီးထိတွေ့သူများကိုလည်းသီးခြားစောင့်ကြည့်နေကြောင်းသတင်းအရသိရပါသည်။
သတင်းအရင်းအမြစ် ။ ။ ယူနန်ပြည်နယ် အမျိုးသားကျန်းမာရေးကော်မရှင်