ယူနန် လုဖိန်း၌ T-mall အွန်လိုင်းပလက်ဖောင်းတွင် ပန်းရောင်းချရာ ၅ စက္ကန့်အတွင်းပန်းပွင့်ပေါင်း ၆၂၀၀၀ ရောင်းချခဲ့ရ

2020-03-17 15:58:42 |သတင်းအရင်းအမြစ် 云南网

ယူနန်ပြည်နယ် လုဖိန်းခရိုင်တွင် ရာသီဥတုနွေးထွေးကောင်းမွန်နေပြီး ပန်းမန်မျိုးစုံအရည်းအသွေးလည်းထူးခြားကောင်းမွန်လှပါသည်။ ပြီးခဲ့သည့်နှစ်ကပန်းပင်များကိုတရုတ်ဧက ၂၅၁၈၀ (၄၁၄၈ ဧက)ဝန်ကျင်းစိုက်ပျိုးထားပြီးပန်းပွင့်ပေါင်း ၈၄၂.၃ သန်းထွက်ရှိကာကုန်ထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၆၃၁.၇၂၅ သန်း (အမေရိကန်ဒေါ်လာ ၉၀၁.၆ သန်းဝန်ကျင်း)ရှိပါသည်။ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ရာသီအလိုက်ထွက်ရှိသော ပန်းရောင်းဝယ်ရေးလုပ်ငန်းများ ထိခိုက်မှုရှိပြီး ပန်းမန်ရောင်းဝယ်ရေးမှာလည်း အခက်အခဲများရှိပါသည်။ စိုးရိမ်ပူပန်မှုများဖြစ်နေသောလုဖိန်းခရိုင် ဒုအုပ်ချုပ်ရေးမှူ ခွန့်ဟွာရမ်သည် ပန်းမန်စိုက်တောင်သူများကိုကူညီပြီး မတ်လ ၁၅ ရက်နေ့တွင် Taobao အွန်လိုင်းအရောင်းအဝယ်ပလက်ဖောင်းဖြင့် ပန်းများကို တိုက်ရိုက်ထုတ်လွှင့်ရောင်းချပါသည်။ အဆိုပါတိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုတွင် လုဖိန်းခရိုင်ရှိအထူးထွက် နှင်းဆီပန်း ၁၀ မျိုးကိုမိတ်ဆက်ပေးရာပရိသတ် ၃၅၀၀ ကျော် ကြည့်ရှုခဲ့ပါသည်။ ထိုသို့ အွန်လိုင်းပန်းမန်ရောင်းချရာ ၅ စက္ကန့်အတွင်းပန်းပွင့်ပေါင်း ၆၂၀၀၀ ပွင့်ရောင်းချလိုက်ရပြီးစုစုပေါင်းရောင်းချငွေတန်ဖိုးတရုတ်ယွမ်ငွေ ၁၁၅ သောင်း (အမေရိကန်ဒေါ်လာ ၁၆.၄ သောင်းဝန်းကျင်)ရှိပြီးလုဖိန်းခရိုင် ပန်းမန်ရောင်းဝယ်ရေးအတွက် လမ်းကြောင်းအသစ်ကိုဖန်တီးပေးလိုက်နိုင်ကြောင်းသတင်းအရသိရပါသည်။

သတင်းထောက် ။ ။ ရောင်ရွံ (ယူနန်ကွန်ရက်)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006