ရှီကျင့်ဖိန်သည်၊ ပါကစ္စတန် သမ္မတနှင့် တွေ့ဆုံဆွေးနွေး

2020-03-19 16:20:04 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၇ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံ သမ္မတ Rehman Alvi နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရှီကျင့်ဖိန်က ယခုလောလောဆယ် တစ် ကမ္ဘာလုံးနိုင်ငံများစွာတို့တွင် COVID-19 ရောဂါ ဆိုးရွားစွာ ကူးစက်ပျံ့နှံ့နေကြောင်း၊ နိုင်ငံ အသီးသီးတို့အနေနှင့် အပြန်အလှန်အားပေးကူညီပြီး၊ ရောဂါကူးစက်ပျံ့နှံ့မှုကို လက်တွဲ ခုခံတိုက်ဖျက်ကြသင့်ကြောင်း၊ တရုတ်ပြည်အနေနှင့် ပါကစ္စတန်အား ဆက်လက် အားပေး ထောက်ပံ့ပေးလိုကြောင်း အလေးထားပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ဆက်လက်၍ ရှီကျင့်ဖိန်က COVID-19 ကူးစက်ရောဂါ တရုတ်ပြည်တွင် စတင်ဖြစ်ပွား ခဲ့တုန်းက ပါကစ္စတန်နိုင်ငံအစိုးရနှင့် အလွှာပေါင်းစုံတို့သည်၊ ကိုယ့်ရှိသမျှကို ထုတ်ယူပြီး၊ တရုတ်ပြည်အား ကာကွယ်ရေးပစ္စည်များကို လူဒါန်းပေးခဲ့ကြောင်း၊ တရုတ်ပြည်အနေနှင့် အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိ ရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006