စပိန်နိုင်ငံတွင် COVID-19 ဖြစ်ပွါးခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက စပိန် ဘုရင် ဆဋ္ဌမမြောက် Felipe အား သဝဏ်လွှာ ပေးပို့ပြီး၊ တရုတ် အစိုးရနှင့် ပြည်သူများ ကိုယ်စား စပိန် အစိုးရနှင့် ပြည်သူများအား စိတ်ရင်းစေတနာဖြင့် နှစ်သိမ့် အားပေး ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က၊ စပိန်နိုင်ငံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ထောက်ခံပါကြောင်း၊ ထိန်းချုပ်ကာကွယ်ရေး အတွေ့အကြုံနှင့် ကုသရေး နည်းလမ်းများကို မျှဝေပေးလိုပြီး စပိန်အား တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးလိုပါကြောင်း ဖေါ်ပြထားပါသည်။