ယခုလ၂၃ ရက်နေ့ ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗြိတိန်ဝန်ကြီးချုပ် Johnson နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါသည်။
ထိုသို့ဆက်သွယ်ရာတွင် ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား ဗြိတိန်အစိုးရနှင့် ပြည်သူများ၏ COVID-19 ရောဂါတိုက်ဖျက်ရေးကို အားပေးထောက်ခံ ကြောင်း၊ တရုတ်နိုင်ငံသည် ဗြိတိန်ကို ကူညီထောက်ပံ့လိုစိတ် အပြည့်အ၀ ရှိကြောင်း၊ မစ္စတာ Johnson ၏ ဦးဆောင်မှုအရ ဗြိတိန်ပြည်သူများသည် COVID-19 ရောဂါတိုက်ပွဲကို အောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။
Johnson က တရုတ်အစိုးရနှင့် ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် COVID-19 ရောဂါတိုက်ဖျက်ရေးတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိသည့် အတွက် မိမိအနေနှင့် ဂုဏ်ပြုပါကြောင်း၊ လက်ရှိ ဗြိတိန်တွင် ဖြစ်ပွားနေသော COVID-19 ရောဂါ အခြေအနေ ပြင်းထန်ဆိုးရွားလာသည့်အတွက် သိပ္ပံနည်းကျသော နည်းလမ်းများဖြင့် ဆောင်ရွက်ရန် တရုတ်၏ အတွေ့အကြုံများကို လေ့လာအတုယူ နေကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ရှိပြီး ဗြိတိန်ရှိ တရုတ်ပြည်သူများ၊ အထူးသဖြင့် တရုတ်ပညာတော်သင်များ၏ ကျန်းမာရေးကို တတ်နိုင် သလောက် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။