ရောဂါဖြစ်ပွားမှုအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း အတုတကွတင်ကြစို့

2020-03-24 18:13:03 |သတင်းအရင်းအမြစ် 《吉祥》杂志

အထူးသတင်းသုံးသပ်သူ။ ။ကျူဖုန်(နန်ကျင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး အကယ်ဒမီအုပ်ချုပ်ရေးမှူး၊ ပါမောက္ခ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) အဆုတ်ရောင်ရောဂါ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ YTV ရုပ်မြင်သံကြားဌာနသည် အချိန် (၇) မိနစ် ကြာမြင့်သော ဗီဒီယိုကိုရိုက်ကူး၍ ဝူဟန့်အားတင်းထား၊ တရုတ်အားတင်းထားဟု အားပေးစကား ပြောကြားခဲ့ရာ တရုတ်လူမျိုးများစွာကို လွန်စွာစိတ်လှုပ်ရှားစေခဲ့ပါသည်။ မြန်မာနိုင်ငံပြည်သူပြည်သားများသည် လက်တွေ့ကျသောလုပ်ဆောင်မှုဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း၏ အဓိက အနှစ်သာရကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။

ယခုလက်ရှိအချိန်တွင် တရုတ်နိုင်ငံတစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားတို့သည် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို တစိုက်မတ်မတ်ခုခံတိုက်ဖျက်လျက်ရှိသည်။ ၎င်းရောဂါတိုက်ဖျက်ထိန်းချုပ်ရာတွင် ကမ္ဘာ့ပြည်သူပြည်သားတို့သည် ဤကဲ့သို့သော မြင်ကွင်းများကို တွေ့ရှိကြပါသည်။

တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်သားများသည် နေ့ရောညပါ တိုတောင်းလှသည့် ဆယ်ရက်ကျော်ကာလအတွင်း အံ့ဖွယ်တရုတ်အရှိန်နှုန်းဖြင့် အတိုင်းအတာကြီးမားသော အဆင့်မြင့်အထူးကုဆေးရုံနှစ်ရုံကို ဆောက်လုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဆိုးဝါးစွာ ခံစားနေရသော ဝေဒနာရှင်များကို သီးသန့်ကုသပေးခဲ့ပါသည်။

တရုတ်အစိုးရသည် တစ်ညအတွင်း၌ပင် သောင်းနှင့်ချီသော ဆေးအမှုထမ်းများအား ဆော်သြ၍ ရောဂါဖြစ်ပွားရာ ဝူဟန့်မြို့သို့ ချက်ချင်းသွားရောက် ကယ်ဆယ်ကူညီခဲ့သည်။ ၎င်း ဆေးအမှုထမ်းများသည် မိမိ၏ အသက်အန္တရာယ်ကို လျစ်လျူရှုကာ ရဲရင့်စွာ သွားရောက်လုပ်အားပေးခဲ့ရာ ဘေးအန္တရာယ်အကျပ်အတည်းများနှင့် ကြုံတွေ့စဉ်တွင် တရုတ်အမျိုးသားတို့၏ စည်းလုံးညီညွတ်မှုနှင့် အချင်းချင်းရိုင်းပင်းကူညီမှုစိတ်ဓာတ်ကို ထင်ဟပ်နေပါသည်။ ထို့အပြင် တော်တော်များများသည် မိမိဆန္ဒအလျောက် ဇနီးမောင်နှံ၊ သားအဖ၊ ဘိုးဘွားနှင့် မြေးတို့အတူ ရောဂါတိုက်ဖျက်ထိန်းချုပ်ရေး ရှေ့တန်းနေရာတွင် တစ်တပ်တစ်အား ပါဝင်လုပ်အားပေးလျက် ရှိပါသည်။

လူဦးရေ (၁ဝ) သန်းကျော်ရှိသောမြို့ပြကြီးတွင် ပိတ်ဆို့ထားသော်လည်း ရုန်းရင်းဆန်ခတ်မဖြစ်ပေ။ ထောက်ပံ့မှုပစ္စည်းများ အပြည့်အဝရှိပြီး စနစ်တကျ လည်ပတ်နေပါသည်။ ဝူဟန့်မြို့သူမြို့သားတို့ကလည်း အားသွန်ခွန်စိုက် အားပေးထောက်ပံ့ကြသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် ကြီးမားသော ဖွဲ့စည်းမှုစနစ်နှင့် နိုင်ငံအင်အား လိုအပ်ပြီး တရုတ်အစိုးရမှ အဆိုပြုသည့် “ပြည်တွင်းတွင် ရောဂါပျံ့နှံ့မှု ကာကွယ်တားဆီးရန်၊ ပြည်ပမှ ရောဂါဝင်ရောက်လာမှု ကာကွယ်တားဆီးရန်”ဟူသော ဆောင်ရွက်ချက်ကို ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်နိုင်စေပါသည်။

အထူးသတင်းသုံးသပ်သူ။ ။ချိန်ဟန်ဖိန်(နန်ကျင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး အကယ်ဒမီ ပါမောက္ခ)

ဝူဟန့်မြို့အပြင် တရုတ်အစိုးရသည် တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးတွင် တစ်ဝက်တစ် ခြမ်းပိတ်ဆို့ခြင်းနှင့် သီးသန့်ခြားနားထားခြင်း စသည့် ထိရောက်သောအစီအမံများကို ကျင့်သုံးလျက်ရှိသည်။ ထိုသို့ဖြင့် တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှုကို ရှောင်ရှားနိုင်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများအား ဂယက်ရိုက်ခတ်မှုကိုလည်း ရှောင်ရှားနိုင်လိုက်ပါသည်။ ရောဂါဖြစ်ပွားသည့်ကာလအတွင်း အစိုးရဝန်ထမ်းအားလုံးသည် ရှေ့တန်းအောက်ခြေနေရာကို သွားရောက်ကာ အခက်အခဲများနှင့် ကြုံတွေ့နေရသော ပြည်သူပြည်သားများအား လိုလေသေးမရှိ ဝန်ဆောင်ပေးကြသည်။ “ရောဂါဖြစ်ပွားမှုအခြေအနေကို ရင်ဆိုင်နေရချိန်မှာ တရုတ်အစိုးရဟာ ခိုင်မာတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကို ဖော်ပြထားပါတယ်။ အကျိုးသက်ရောက်တဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဆောင်ရွက်ခဲ့တဲ့အတွက် အလွန်လေးစားထိုက်ပါတယ်” ဟု တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က လေး လေးနက်နက် ချီးကျူးစကားဆိုသည်။

ရောဂါဖြစ်ပွားသည့်ကာလအတွင်း အလုပ်နှင့် ကုန်ထုတ်လုပ်မှု ရပ်စဲနေရသော လုပ်ငန်းအဖွဲ့အစည်းများအား ကူညီထောက်ပံ့ကာ ရောဂါဖြစ်ပွားမှုမှ ဆောင်ကြဉ်းလာသည့် ဆုံးရှုံးနစ်နာမှုနှင့် ထိခိုက်မှုများကို လျှော့ချနိုင်ရန်အတွက် တရုတ်အစိုးရသည် သတိတရားရှေ့ထား၍ ထိရောက်သောအစီအမံများ ကြိုတင်လုပ်ဆောင်လာပါသည်။ အခွန်လျှော့ခြင်း၊ ငှားရမ်းခလျှော့ခြင်း၊ ငွေထုတ်ချေးပေးခြင်း စသည့်ပေါ်လစီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီး ရောဂါဖြစ်ပွားမှုပြီးနောက် အလုပ်ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် အင်အားစုဆောင်းရန် အရေးပါသောအခြေခံအုတ်မြစ်ကို ချမှတ်ထားပါသည်။ ထို့ပြင် ကျောင်းသူ၊ ကျောင်းသားများ၏ ကျန်းမာရေးအတွက် တရုတ်ပညာရေးဝန်ကြီးဌာနသည် အတန်းများရပ်ဆိုင်းလိုက်သော်လည်း စာသင်ကြားမှု မရပ်ဆိုင်းခဲ့ဘဲ အွန်လိုင်းသင်ကြားပို့ချမှုကို ဂရုတစိုက်လုပ်ဆောင်ခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများအား အိမ်မှမထွက်ဘဲ အိမ်တွင်း၌ပင် ပညာသင်ယူနိုင်စေခဲ့ပါသည်။ အစိုးရဌာနများတွင်မူ အွန်လိုင်းမှတစ်ဆင့် ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းဖြင့် အများပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရောဂါ၏ တိုက်ခိုက်မှုခံနေရသော်လည်း တရုတ်အစိုးရနှင့် လူမှုစနစ်သည် မရပ်စဲဘဲ စနစ်တကျ လည်ပတ်လျက်ရှိနေပါသည်။

ရောဂါဖြစ်ပွားမှုအခြေအနေကို ထိရောက်စွာရင်ဆိုင်ရန်အတွက် တရုတ်အစိုးရသည် ရုပ်သံဗီဒီယိုအစည်းအဝေးကို အကြိမ်ပေါင်းများစွာ ဦးဆောင်ကျင်းပရင်း ပြည်သူလူထု၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို နံပါတ်တစ်နေရာတွင် ထားရှိ၍ မြို့ပြစီမံအုပ်ချုပ်မှု အရည်အချင်းနှင့် စွမ်းရည်ကို ဘက်စုံမှ မြှင့်တင်လျက်ရှိသည်။ ၎င်းအတွေ့အကြုံနှင့် သင်ခန်းစာများမှာ အလွန်တန်ဖိုးရှိလှပါသည်။ တရုတ်အစိုးရသည် ရုတ်တရက်ပေါ်ပေါက်သော ပြည်သူ့ကျန်းမာရေးကိစ္စရပ်အတွင်း နိုင်ငံ၏ တုံ့ပြန်ဖြေရှင်းနိုင်စွမ်းနှင့် စီမံအုပ်ချုပ်မှုအရည်အချင်းများကို မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်အတူမျှဝေကာ အတူမြှင့်တင်သွားမည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံသည် တရုတ်-မြန်မာ “Y” ပြောင်းပြန်သဏ္ဌာန် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို နက်ရှိုင်းစွာ ဖော်ဆောင်ရင်း အလွှာပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတွင် အောင်သီးအောင်နှံများရရှိနိုင်ရန် တွန်းအားပေးနေမည်။ ရောဂါဘေးအန္တရာယ်တစ်ရပ်ကို ကြုံတွေ့ခဲ့ရသည့် တရုတ်ပြည်သူလူထုသည် တရုတ်-မြန်မာ ပြည်သူလူထုအကြား ချစ်ကြည်ရေးကို ပို၍တန်ဖိုးထားပြီး လက်တွေ့ကျသောလုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံမှ ရောဂါဖြစ်ပွားသည့်ကာလအတွင်း လက်ဆင့်ကမ်းပေးသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြန်လည်တုံ့ပြန် ကျေးဇူးတင်နေပါမည်။ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုင်းအဝန်း မှာလည်း လက်တွေ့ဖော်ဆောင်မှုများအတွင်း အဆက်မပြတ် ခိုင်မြဲနက်ရှိုင်းလာလိမ့်မည်ဟု ယုံကြည်ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006