တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မတ်လ ၂၆ ရက်နေ့တွင် ပေကျင်း၌ ဂျီ-၂၀ အုပ်စု ခေါင်းဆောင်များ COVID-19 တိုက်ဖျက်ရေး အထူးထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဟု ယခုလ ၂၅ ရက်နေ့က ကြေညာပါသည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေးကို ယခုနှစ် ဂျီ-၂၀ အုပ်စု သဘာပတိနိုင်ငံဖြစ်သည့် ဆော်ဒီအရေးဗျနိုင်ငံက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဗီဒီယို အစည်းအဝေး ပုံစံဖြင့် ကျင်းပမည် ဖြစ်သည်။