ယူနန်ပြည်နယ်အတွင်း ပြည်ပမှ COVID-19 ဝင်ရောက်ကူးစက်ခြင်းကို တစ်ဆင့်တိုးထိန်းချုပ်ကာကွယ်ရေး အသိပေးအကြောင်းကြားစာ

2020-03-27 18:04:35 |သတင်းအရင်းအမြစ် 澜湄趴

တရုတ်ကွန်မြူနစ်ပါတီယူနန်ပါတီကော်မတီ၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ

ယူနန်ပြည်နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးဦးဆောင်မှုအဖွဲ့ညွှန်ကြားမှုအဖွဲ့ခွဲ

ညွှန်ကြားလွှာအမှတ်(၁၄)

“ယူနန်ပြည်နယ်အတွင်း ပြည်ပမှ COVID-19 ဝင်ရောက်ကူးစက်ခြင်းကို တစ်ဆင့်တိုးထိန်းချုပ်ကာကွယ်ရေး အသိပေးအကြောင်းကြားစာ”

根据当前疫情发展态势,为进一步加强境外疫情输入防控工作,现通告如下:

ယခုလက်ရှိကပ်ရောဂါဖွံ့ဖြိုးမှု၏အခြေအနေအရ၊ ပြည်ပမှ COVID-19 အဆုတ်ရောင်ရောဂါအား ယူနန်ပြည်နယ် အတွင်း ကူးစက်ခြင်းကို တစ်ဆင့်တိုးထိန်းချုပ်ကာကွယ်ရန် အောက်ပါအတိုင်း အသိပေးချက်များကို ထုတ်ပြန်ပါသည်--

一、自2020年3月27日零时起,14天内有境外旅居史从航空口岸入境来滇人员(包括入境中转人员),由第一入境地组织实施集中隔离观察14天,并进行核酸检测。隔离及隔离观察期间产生的转运费用、食宿费用自理。经自愿自费进行2次核酸检测呈阴性及1次血清抗体检测呈阴性的入境人员,可以在集中隔离7天后,再居家隔离7天。

၁၊ ၂၀၂၀ ပြည့်နှစ် မတ်လ(၂၇)ရက်နေ့မှစတင်ကာ ပြီးခဲ့သည့်(၁၄)ရက်ကာလအတွင်း ပြည်ပသို့ ခရီးသွားခြင်း(သို့) နေထိုင်ခြင်းရာဇဝင်ရှိပြီး လေကြောင်းဂိတ်ပေါက်မှတစ်ဆင့် ယူနန်ပြည်နယ်ကို ဝင်ရောက်လာသူများအတွက် (ယူနန်တွင် တစ်ဆင့်ခံ ရောက်ရှိသည့်ခရီးသည်အပါအဝင်) ပထမဦးဆုံးဆိုက်ရောက်နေရာတွင် (၁၄) ရက်ကြာ သီးသန့်ထားမည်ဖြစ် ကာ Nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းကို ဆောင်ရွက်ရမည်။ သီးခြားထားရှိရာနှင့် စောင့်ကြပ်ကြည့်ရှုကာလအတွင်း သယ်ယူပို့ဆောင်ခြင်း၊ နေထိုင်စားသောက်ခြင်းစသည့်ကုန်ကျစရိတ်အစစအရာရာကို ၎င်းတို့ကိုယ်တိုင်ကျခံရန် လိုအပ် ပါသည်။ မိမိဆန္ဒအလျှောက်၊ ကိုယ်ပိုင်စရိတ်ဖြင့် Nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း (၂)ကြိမ် လက်ခံပြီး (၂)ကြိမ်လုံးက Negative ပြသကာ ထိုနှင့်အတူ သွေးကြည်ရည်အင်တီဘောဒီစစ်ဆေးခြင်း(၁)ကြိမ်သည်လည်း Negative ဖြစ်သော ယူနန်သို့ ဝင်ရောက်လာသူများသည် သတ်မှတ်ထားသည့်နေရာတွင် (၇)ရက် သီးခြားထားရှိပြီးနောက် အိမ်တွင်(၇)ရက် သီးခြားထားခြင်းကို ထပ်မံဆောင်ရွက်မည်။


二、加强边境口岸疫情防控,严格落实属地责任,发挥边境联防联控机制作用,按有关规定对入境人员实施分类管理。对持护照或14天内有第三国旅居史、从陆路口岸入境的人员,由入境地组织实施集中隔离观察14天,并进行核酸检测。隔离及隔离观察期间产生的转运费用、食宿费用自理。经自愿自费进行2次核酸检测呈阴性及1次血清抗体检测呈阴性的入境人员,可以在集中隔离7天后,再居家隔离7天。

၂၊ နယ်စပ်ဂိတ်ပေါက်အတွက် ကပ်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအင်အားကို ပိုမိုတိုးမည်ဖြစ်ပြီး ဒေသဆိုင်ရာဌာနများက တာဝန်ခံရခြင်းစနစ်ကိုလည်း တင်းကြပ်စွာ အကောင်အထည်ဖော်ဆောင်မည်။ ထို့ပြင်၊ နယ်စပ်ဒေသတွင် အိမ်နီးချင်း နိုင်ငံနှင့် ပူးတွဲစစ်ဆေးခြင်း၊ ပူးတွဲထိန်းချုပ်ခြင်းစနစ်ကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်ပြီး သက်ဆိုင်ရာသတ်မှတ်ချက် များအရ ပြည်ဝင်လာသူများအတွက် ခွဲခြားစီမံအုပ်ချုပ်မည်။ ပတ်စ်ပို့ဖြင့် ဝင်ရောက်သော၊ သို့မဟုတ် ပြီးခဲ့သည့် (၁၄) ရက်ကြာကာလအတွင်း တရုတ်၊ အိမ်နီးချင်းနိုင်ငံအပြင်၊ တတိယမြောက်နိုင်ငံသို့ ခရီးသွားခြင်း(သို့)နေထိုင်ခြင်းရာဇဝင်ရှိ သော၊ ကုန်းလမ်းဂိတ်ပေါက်မှတစ်ဆင့် ဝင်ရောက်လာသူများအား ပြည်ဝင်ခဲ့သော ပထမဦးဆုံးနေရာမှ သတ်မှတ်ထားသည့် နေရာတွင် (၁၄)ရက်ကြာ သီးခြားထားရှိခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ထို့အတူ ၎င်းတို့အတွက် Nucleic acid ဓာတ်ခွဲ စစ်ဆေးခြင်းကိုလည်း ဆောင်ရွက်ရမည်။ သီးခြားထားရှိရာနှင့် စောင့်ကြပ်ကြည့်ရှုရာကာလတွင် သယ်ယူပို့ဆောင်ခြင်း၊ နေထိုင်စားသောက်ခြင်းစသည့်ကုန်ကျစရိတ်အစစအရာရာကို ၎င်းတို့ ကိုယ်တိုင်ကျခံရန် လိုအပ်သည်။ မိမိဆန္ဒအလျှောက်၊ ကိုယ်ပိုင်စရိတ်ဖြင့် Nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း (၂)ကြိမ် လက်ခံပြီး (၂)ကြိမ်လုံးက Negative ပြသကာ ထိုနှင့်အတူ သွေးကြည်ရည်အင်တီဘောဒီစစ်ဆေးခြင်း(၁)ကြိမ်သည် Negative ဖြစ်သော ယူနန်ဝင်လာသူများမှသာ သတ်မှတ် ထားသည့်နေရာတွင် (၇)ရက် သီးခြားထားရှိပြီးနောက် အိမ်တွင်(၇)ရက် သီးခြားထားခြင်းကို ထပ်မံဆောင်ရွက်မည်။

三、所有计划入境来滇人员,要在抵达之前3天向机关企事业单位、宾馆酒店、社区(村组)或家庭成员报告入滇信息,收到相关信息的单位或家庭成员应及时向社区(村组)报告。

၃၊ ယူနန်ကို ဝင်ရောက်ရန် အစီအစဉ်ရှိသူများအားလုံးသည် ယူနန်ကို မဝင်ရောက်ခင်(၃)ရက်ကတည်းက အလုပ်တာဝန် ဆောင်ရွက်နေသော အစိုးရဌာန၊ ကုမ္ပဏီ၊ ဟိုတယ်၊ နေအိမ်ရပ်ကွက်(ကျေးရွာအုပ်စု)သို့မဟုတ် မိသားစုဝင်ထံ ဝင်ရောက် မည့်အစီအစဉ်အချက်အလက်ကို ကြိုတင်အသိပေးအကြောင်းကြားရန် လိုအပ်သည်။ အဆိုပါသတင်းရရှိပြီးနောက် အထက်ပါဖော်ပြသည့်ဌာနသို့မဟုတ် မိသားစုဝင်များသည် မိမိနေအိမ်ရပ်ကွက် (ကျေးရွာအုပ်စု)သို့ အချိန်မီ အကြောင်းကြားရန် လိုအပ်သည်။

四、海关对境外入滇人员做好口岸卫生检疫,对新冠肺炎确诊病例、疑似病例、密切接触者及有发热或呼吸道症状等入境人员,及时移交口岸所在地指定的定点医疗机构留观和隔离治疗,确保分类转送、无缝对接。对边检、海关、机场、火车站、社区等各个环节排查的14天内有境外旅居史的入境来滇人员,采取“点对点”闭环运作,转运至当地集中隔离观察点。省应对疫情工作领导小组指挥部第12、13号通告继续执行,相关规定与本通告不一致的,以本通告为准。

၎၊ အကောက်ခွန်ဌာနသည် ပြည်ပမှ ဝင်ရောက်သူများအတွက် ကျန်းမာရေးစစ်ဆေးခြင်းကို ကောင်းမွန်သေချာအောင် ဆောင်ရွက်ရမည်။ COVID-19 အဆုတ်ရောင်ရောဂါအတည်ပြုဝေဒနာရှင်၊ သံသယရှိသူ၊ နီးကပ်စွာထိတွေ့သူနှင့် ဖျားခြင်း၊ အသက်ရှူလမ်းကြောင်းပြဿနာရှိခြင်း စသည့်ရောဂါလက္ခဏာရှိသော ပြည်ဝင်လာသူများအတွက် သီးခြားထား စစ်ဆေးရန် နယ်စပ်ဂိတ်ရှိရာနေရာအတွင်း သတ်မှတ်ထားသည့်နေရာသို့ ရွှေ့ပြောင်းရမည်။ ထိုသူများကို ပို့ဆောင်ရာတွင် ပြင်ပနှင့် မထိတွေ့စေရန် အထူးဂရုပြုဆောင်ရွက်ရမည်။ နယ်စပ်ဒေသစစ်ဆေးခြင်း၊ အကောက်ခွန်ဌာန၊ လေဆိပ်၊ ဘူတာရုံ၊ နေအိမ်ရပ်ကွက်စသည့်နေရာ၌ စစ်ဆေးရာတွင် တွေ့ရှိရသော ပြီးခဲ့သည့်(၁၄)ရက်တာကာလအတွင်း ပြည်ပသို့ ခရီးသွားခြင်း (သို့)နေထိုင်ခြင်းရာဇဝင်ရှိသူများအတွက် ပြင်ပနှင့်မထိတွေ့သော၊ သီးခြားထားရှိရာနေရာသို့ တိုက်ရိုက် ပို့ဆောင်ရွှေ့ပြောင်းခြင်းစနစ်ကို ဆောင်ရွက်မည်။ ထို့ပြင် ယူနန်ပြည်နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း ဦးဆောင်မှုအဖွဲ့ညွှန်ကြားမှုအဖွဲ့ခွဲမှ ပြဋ္ဌာန်းခဲ့သော ညွှန်ကြားလွှာ အမှတ်(၁၂)၊ အမှတ်(၁၃) ကိုလည်း ဆက်လက် ဆောင်ရွက်နေပြီး ယခုအမှတ်(၁၄) အသိပေးချက်နှင့်မကိုက်လျှင် ယခုအမှတ်(၁၄) အသိပေးချက်များနှင့်အညီ လွှမ်းမိုး ဆောင်ရွက်ရမည်ဖြစ်သည်။


云南省应对疫情工作领导小组指挥部

2020年3月26日

ယူနန်ပြည်နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးဦးဆောင်မှုအဖွဲ့ညွှန်ကြားမှုအဖွဲ့ခွဲ

၂၀၂၀ ပြည့်နှစ် မတ်လ(၂၆)ရက်နေ့

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006