ယခုလ ၂၉ ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကျဲ့ကျန်းပြည်နယ်သို့ သွားရောက် လေ့လာကြည့်ရှုစစ်ဆေးကြောင်း၊ ယင်းသည် COVID-19ရောဂါ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် ရှီကျင့်ဖိန်၏ စတုတ္ထအကြိမ် လေ့လာကြည့်ရှု စစ်ဆေးခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရသည်။
ထိုနေ့ညနေပိုင်းက ရှီကျင့်ဖိန်သည် နန်ပိုးကျိုးစန်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ကျိုးစန်းဆိပ်ကမ်းသည် ရှီကျင့်ဖိန်၏ ယခုအကြိမ် ကျဲ့ကျန်း ပြည်နယ် ခရီးစဉ်တွင် ပထမဆုံး ရောက်ရှိသော နေရာ ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်သည် ဆိပ်ကမ်း၏ ပြန်လည် လည်ပတ်ခြင်း အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆိပ်ကမ်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြဒါးတိုင် ဖြစ်ရာ ကျရောက် ကြောင်း၊ တရုတ် သွင်းကုန်ပို့ကုန်၏ ရာခိုင်နှုန်း ၉၀ကျော်သည် ဆိပ်ကမ်းများမှတစ်ဆင့် တင်သွင်းတင်ပို့ခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာ စာရင်းက ဖော်ပြကြောင်း၊ ယမန်နှစ်က နင်ပိုးကျိုးစန်း ဆိပ်ကမ်း၏ ကုန်တင်ကုန်ချ စုစုပေါင်း ပမာဏမှာ တန်ချိန် ၁့၁၂ဘီလီယံရှိပြီး ၁၁နှစ် ဆက်တိုက် ကမ္ဘာပေါ်တွင် ပထမနေရာ၌ တည်ရှိကြောင်း သိရသည်။
ဆိပ်ကမ်းသည် စီးပွားကုန်သွယ်ရေး လှုပ်ရှားမှုများ ပုံမှန်ပြန်ဖြစ်ရန် စနစ်တကျ တွန်းအားပေးရေး အတွက်ရော၊ ကမ္ဘာတစ်ဝန်း ဆက်စပ်မှု ရှိသည့် လုပ်ငန်းများနှင့် ထောက်ပံ့ရေးစနစ် တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးအတွက်ပါ အလွန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။