ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးအတွက် ကူမင်းမြို့ရှိ စေတနာရှင် ၅၀ ဦးက သွေး ၁၅၀၀၀ မီလီလီတာ လှူဒါန်း

2020-03-31 18:05:09 |သတင်းအရင်းအမြစ် ကူမင်းသွေးစင်တာ

ယူနန်ပြည်နယ် ကူမင်းသွေးစင်တာတွင် သိုလှောင်ထားသော သွေးအရေအတွက် မလုံလောက်သည့်သတင်းကို သိရှိပြီးနောက် ကူမင်းမြို့ရှိ စေတနာသွေးလှူရှင်များသည် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေးအတွက် တက်ကြွစွာပူးပေါင်းပါဝင်ကာ စေတနာဖြင့် သွေးလှူဒါန်းပေးကြပါသည်။ မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကူမင်းသွေးစင်တာမှ သွေးလှူယာဉ်သည် Kunming Stork Hospital သို့ ရောက်ရှိလာရာ ရာထူးအမျိုးမျိုးမှ ကျန်းမာရေးဝန်ထမ်း ၄၃ ဦးသည် သွေးလှူယာဉ်ရှေ့၌ သွေးလှူရန် တန်းစီကြပါသည်။ ၎င်းတို့အနက် လုပ်ငန်းခွင်မှ အချိန်ယူထွက်လာသော ဆရာဝန် ပါရှိသည်။ အနားယူချိန်ကိုလု၍ နံနက်စောစော သီးသန့်လာသော သူနာပြု ပါရှိသည်။ အထွေထွေဝန်ထမ်းများလည်း ပါရှိသည်။

ဆေးရုံကျန်းမာရေးဝန်ထမ်းများ၏ စေတနာသွေးလှူဒါန်းနေမှုသည် လမ်းဖြတ်သွားသောသူများကိုလည်း လှူဒါန်းလိုစိတ် ကူးစက်သွားပြီး မြို့သူမြို့သား ၁၀ ဦးသည် သွေးလှူရန် ပါဝင်လာပါသည်။ အဆိုပါနေ့ နံနက်ပိုင်းမှာပင် လူ ၅၀ ဦးသည် အောင်မြင်စွာ သွေးလှူဒါန်းခဲ့ပြီး စုစုပေါင်း သွေး ၁၅၀၀၀ မီလီလီတာ ရရှိကြောင်း သတင်းအရသိရပါသည်။

အဆိုပါသွေးလှူခြင်းလှုပ်ရှားမှုအတွက် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ရန် ဆေးရုံသည် သွေးလှူရှင်များအား နှာခေါင်းစည်းဝတ်ဆင်၍ လက်ဆေးပိုးသတ်စေပြီး လူတစ်ဦးချင်းအား ၁ မီတာ အကွာထားရှိသည့်အပြင် တစ်ကြိမ်လျှင် အများဆုံး ၂ ဦးစီသာ သွေးစစ်ခြင်း သွေးလှူဒါန်းခြင်း ပြုလုပ်ရန် စနစ်တကျ သတ်မှတ်လိုက်ပါသည်။ ထို့အပြင် သွေးလှူရန် လိုအပ်ချက်နှင့်မပြည့်မီသူများကို သွေးလှူဒါန်းခြင်း မပြုရန်တားမြစ်ကြောင်း သတင်းအရသိရပါသည်။

၂၀၁၈ ခုနှစ်တွင် ကူမင်းမြို့သည် “တစ်ပြည်လုံးရှိ အမျိုးသားအဆင့် သွေးလှူဒါန်းရေး ရှေ့တန်းမြို့”အဖြစ် ပထမဆုံးအကြိမ် ဂုဏ်ပြုခံရပြီး လွန်ခဲ့သော ၃ နှစ်အတွင်း ကူမင်းမြို့ဆိုင်ရာ သွေးလှူဒါန်းမှုနှုန်းသည် တစ်ပြည်လုံး ရှေ့တန်းတွင် ရောက်ရှိ၍ အခြားပြည်နယ်များစွာတွင် သွေးသုံးစွဲမှုအတွက် ကူညီပေးလျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါတိုက်ပွဲတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ရုံးဝန်ထမ်းများ၊ ရဲအရာရှိများ စသည့် တိုက်ပွဲရှေ့တန်း၌ ပါဝင်တိုက်ခိုက်သူများ သွေးလှူဒါန်းရေးလှုပ်ရှားမှုကို အကြိမ်ကြိမ်လုပ်ဆောင်ကာ ကူမင်းသွေးစင်တာအတွက် ခက်ခဲလှသော ကာလကို ကူးဖြတ်ရန် ကူညီပေးကြသည်။

သတင်းအရင်းအမြစ် ။ ။ ကူမင်းသွေးစင်တာ

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006