ဝဥလုပ်ငန်း အင်တိုက်အားတိုက် ဖွံ့ဖြိုးလျက်ရှိရာ လက်ရှိအချိန်တွင် ယူနန်ပြည်နယ် ချူကျင့်မြို့ ဖူဟုန်ကျေးရွာသည် ဝဥစိုက်ပျိုးရေးအခြေစိုက်စခန်း စတင်ဖြစ်ပေါ်လာသည်။ ရွာသူရွာသားများသည် မြေယာအသုံးပြုခွင့် လွှဲပြောင်းခြင်းဖြင့် ငှားရမ်းခရရှိပြီး အခြေစိုက်စခန်းတွင် အလုပ်လုပ်နိုင်သောကြောင့် အိမ်ရှေ့၌ပင် လုပ်ငန်းခွင်ရှိလာပါသည်။
တရုတ်ဧက ၃၀ ဧက (၂ ဟက်တာ)ကျော်ရှိသော ဖုချွင်းဝဥနှင့် လယ်မြေထွက်ကုန် ရောင်းဝယ်ရေး စင်တာတွင် နှစ်စဉ်နှစ်တိုင်း တန်ချိန် ၄ သောင်းဝန်းကျင် ရောင်းဝယ်နေရပြီး ရွာသူရွာသားများသည် သတ်မှတ်ချက်အလိုက် ဝဥကို အရည်အသွေးအရ အဆင့်ခွဲခြားကာ ကားများဖြင့် သီးခြားစီ တင်ပို့ရောင်းချပါသည်။ “အရည်အသွေးအဆင့်ခွဲခြားရာမှာ ၁ တန်ကို တရုတ်ယွမ်ငွေ ၁၂၀ ရှင်းပေးတယ်။ အလုပ်သမား ၁ ဦးက တစ်ရက်ကို ၁ တန်သို့ ၂ တန်လောက် ခွဲနိုင်ပါတယ်။” ဟု ရောင်းဝယ်ရေးစင်တာမှ တာဝန်ခံ ချောင်ရွှံခွင်းက မိတ်ဆက်ပေးပြီး ရောင်းဝယ်ရေးအတိုင်းအတာ ကြီးမားသောကြောင့် နေ့စဉ်တွင် လုပ်ငန်းခွင် ၇၀၀ ကျော်ရှိနေပါသည်။
ထို့အပြင် ချောင်ရွှံခွင်းတွင် ဝဥအချောကိုင်စက်ရုံ ၂ ခုရှိပြီး ဝဥအမှုန့်၊ ဝဥခြောက် စသည့် ကုန်စည်များကို ထုတ်လုပ်နေပြီး ဖုချွင်းဒေသခံ အလုပ်သမား ၁၆၀ ဦး ခန့်ထားပါသည်။ ရောင်းဝယ်ရေးစင်တာနှင့် စက်ရုံ ၂ ခုသည် ဒေသခံ ၈၆၀ ဦးအတွက် အိမ်ရှေ့မှာပင် လုပ်ငန်းခွင် ရရှိစေခဲ့သည်။
သတင်းထောက် ။ ။ လျန့်ရှင်းဟုန်၊ ကျောင့်ဖူဖန် (ဆင်ဟွာသတင်းဌာန)