ဟုဇောင်ကျေးရွာသည် ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လွန်ချွမ်းခရိုင်တွင် တည်ရှိသည့် အားချမ်းတိုင်းရင်းသားကျေးရွာ တစ်ရွာဖြစ်ပြီး ယူနန်ပြည်နယ် သာမက တရုတ်နိုင်ငံအတွင်းရှိ အဆင်းရဲဆုံးနေရာ တစ်ခုလည်း ဖြစ်ပါသည်။ လတ်တလောနှစ်ပိုင်းတွင် ဒေသအစိုးရသည် ဆေးရွက်ကြီးလုပ်ငန်းကို အင်တိုက်အားတိုက်ဖွံ့ဖြိုးစေပြီး အခြေခံအဆောက်အဦးကို တက်ကြွစွာ တိုးမြှင့် တည်ဆောက်ထားပါသည်။ လက်ရှိအချိန်တွင် ကျေးရွာအတွင်း၌ လမ်းအသစ်များ ခင်းထားသည့်အပြင် ရွာသူရွာသားများသည် အိမ်အသစ်သို့ ပြောင်းရွှေ့နေထိုင်ပြီး ဝင်ငွေမှာလည်း တိုးတက်လာပါသည်။
ဟုဇောင်ကျေးရွာတွင် နေအိမ် ၂၈၁ အိမ်ရှိပြီး စုစုပေါင်းလူဦးရေမှာ ၁၃၅၆ ဦးရှိကာ အားချမ်းတိုင်းရင်းသား ၉၄% ကျော် ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် တစ်ရွာလုံး၏ အထွေထွေစီးပွားရေးဝင်ငွေမှာ တရုတ်ယွမ်ငွေ ၂၄၄.၆၂ သိန်း (ဒေါ်လာ ၃၄.၅၆ သိန်း) ရှိပြီး ၂၀၁၅ ခုနှစ်ထက် တရုတ်ယွမ်ငွေ ၇၈.၂၇ သိန်း (ဒေါ်လာ ၁၁.၀၆ သိန်း) တိုးလာပါသည်။ တစ်ဦးချင်းအသားတင်ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၁၀၉၁၀.၆ (၁၅၄၁.၇ ဒေါ်လာ) ရှိပြီး ၂၀၁၅ ခုနှစ်ကထက် တရုတ်ယွမ်ငွေ ၃၈၆၄ (၅၄၆ ဒေါ်လာ) တိုးလာပါသည်။ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု ၆၇ စုရှိ လူဦးရေ ၃၁၀ ဦးသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာကြပါသည်။
သတင်းထောက် ။ ။ လီဖေ့ရွင်၊ လီချူးမင် (ယူနန်နေ့စဉ်သတင်းစာ)