ယူနန်ပြည်နယ်၏ ပထမ ၃ လပတ် သွင်းကုန်ပို့ကုန်မာဏမှာ တရုတ်ယွမ်ငွေ ၄၆.၆၅ ဘီလီယံရှိပြီး အလားတူကာလထက် ၆.၃% ကျဆင်းလာ

2020-04-21 16:04:48 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ် ကူမင်းအကောက်ခွန်ဌာနမှ သတင်းအရ ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်တွင် ယူနန်ပြည်နယ်၏ သွင်းကုန်ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ၄၆.၆၅ ဘီလီယံ (ဒေါ်လာ ၆.၅၈၃ ဘီလီယံ)ရှိပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ၆.၃% ကျဆင်းလာသည်။ ၎င်းတို့အနက် ပို့ကုန်မှာ တရုတ်ယွမ်ငွေ ၁၇.၆ ဘီလီယံ (ဒေါ်လာ ၂.၄၈ ဘီလီယံ) ရှိပြီး အလားတူကာလထက် ၁၆.ရ% ကျဆင်းလာပြီး သွင်းကုန်မှာ တရုတ်ယွမ်ငွေ ၂၉.၀၅ ဘီလီယံ (ဒေါ်လာ ၄.၀၉ ဘီလီယံ)ရှိပြီး အလားတူန်ကာလထက် ၁.၄% တိုးတက်လာသည်။ မတ်လတစ်ခုတည်းတွင် လစဉ် သွင်းကုန်ပို့ကုန်ရောင်းဝယ်ရေး အထွေထွေပမာဏသည် ကျဆင်းခြင်းမှ တိုးတက်ခြင်းသို့ ပြောင်းလဲလာပြီး ၄% တိုးတက်လာကြောင်း သိရပါသည်။

သတင်းထောက် ။ ။ ယောင်ဘင်း (ဆင်ဟွာသတင်းဌာန)
 

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006