COVID-19 ရောဂါဖြစ်ပွားသောကြောင့် လေကြောင်းလိုင်းများသည် ပုံမှန်လည်ပတ်မှုတွင် ဖိအားများစွာနှင့် ရင်ဆိုင်နေရပါသည်။ ကူမင်းအကောင်ခွန်ဌာနမှစတင်သော “လူစီးလေယာဉ်ကို ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲဝန်ဆောင်ခြင်း”ဖြင့် လေကြောင်းလိုင်းအတွက် အရေးပေါ်လိုအပ်ချက်ကို အထောက်အကူပြုနေပါကြောင်း သတင်းအရသိရပါသည်။
ဧပြီလ ၂၂ ရက်နေ့ ညနေတွင် ရှန်ဖိန်လေကြောင်းလိုင်းမှ Airbus A330 လေယာဉ်သည် တန်ချိန် ၁၁ တန်ရှိ ဆေးဘက်ဆိုင်ရာပစ္စည်းများကို တရုတ်နိုင်ငံ ကူမင်းမြို့မှ ထိုင်နိုင်ငံ ဘန်ကောက်မြို့သို့ တင်ပို့ပြီး ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ “လူစီးလေယာဉ်ကို ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲဝန်ဆောင်ခြင်း”ဖြင့် စတင်လိုက်သော ပထမဆုံးလေယာဉ်ဖြစ်ကြောင်း သတင်းအရသိရပါသည်။
သတင်းထောက်။ ။လျူဇီယွီ လီဝင်ကျွင်း(ယူနန်နေ့စဉ်သတင်းစာ)