နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
မြန်မာစာရေးဆရာကိုရိုးကွန့်။ ။ စာပေဖလှယ်ရေးဖြင့် ပြည်သူအချင်းချင်း သဘောပေါက်နားလည်စေ

2020-04-26 16:43:12 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှု ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“မြန်မာ-တရုတ် နှစ်နိုင်ငံ စာပေဖလှယ်ရေး တစ်နေ့တခြား နက်ရှိုင်းလာတာနဲ့အမျှ တရုတ်စာရေးဆရာနဲ့ တရုတ်စာပေလက်ရာတွေကို ပိုမိုများလာတဲ့ မြန်မာစာဖတ်ပရိသတ်တွေက အားပေးလျက်ရှိပါတယ်။ မိမိ ရေးသားပြုစုတဲ့ စာပေလက်ရာတွေကတစ်ဆင့် နွေဦးမြို့လို့ ဂုဏ်ပြုတဲ့ ကူမင်းမြို့ကို မြန်မာစာဖတ်ပရိသတ်တွေကို မိတ်ဆက်ပေးနိုင်ဖို့ ကျွန်တော့် မျှော်လင့်ထားပါတယ်။ ဒါ့ပြင် နှစ်ဦးနှစ်ဖက်တို့ စာပေဖလှယ်ရေးမှာ ပိုများတဲ့ ကူမင်းစာဖတ်ပရိသတ်ကို ရင်းနှီးသိကျွမ်း‌စေချင်ပါတယ်။”

လွန်ခဲ့တဲ့နှစ်က ဖိတ်ကြားချက်အရ မြန်မာစာရေးဆရာ ၁၆ ယောက်တို့က တရုတ်ကူမင်း-မြန်မာ စာရေးဆရာစာပေဖလှယ်ရေးဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးကြရာမှာ မြန်မာစာရေးဆရာကိုရိုးကွန့် က အခုလို မျှော်လင့်ချက်တွေ မျှဝေခဲ့ပါတယ်။

စာရေးဆရာကိုရိုးကွန့်ဟာ စာပေလောကကို ၁၉၈၄ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တယ်။ ၁၉၈၅ ခုနှစ်မှာ မြန်မာနိုင်ငံ“စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်စာမူဆု”ရရှိခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာ မြန်မာနိုင်ငံ“အမျိုးသားစာပေဆု”ရရှိခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ၁၀ ကြိမ်မြောက် “မဲခေါင်စာပေဆု”ကို ချီးမြှင့်ခံရပါတယ်။

အစောပိုင်းကာလကတည်းက လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံ(၄)နိုင်ငံတို့ဟာ “မဲခေါင်စာပေဆု”ကို ၂၀၀၈ ခုနှစ်မှာ အတူ ထူထောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံယူနန်က တရားဝင်မဝင်ရောက်ခင် ၅ ကြိမ်ထိတိုင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလမှာ ယူနန်ပြည်နယ်စာရေးဆရာအသင်းဟာ အဖွဲ့ဝင်အနေနဲ့ “မဲခေါင်စာပေဆု”မှာ ပါဝင်ခဲ့ပါတယ်။

“မဲခေါင်စာပေဆု”ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံတင်မကဘဲ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအကြား စာပေဖလှယ်ရေးအတွက် အရေးပါ အထောက်အကူပြုလျက်ရှိပါတယ်လို့ ဆရာကိုရိုးကွန့်က ပြောပါတယ်။ “မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘မဲခေါင်စာပေဆု’ချီးမြှင့်ခြင်းပွဲအခမ်းအနားမှာ နိုင်ငံအသီးသီးက ဆုရစာရေးဆရာတွေဟာ တောတောင်ရေမြေ ဖြတ်ကျော်လာရောက်ခဲ့ပြီး ဒီနေရာမှာ သိုက်သိုက်ဝန်းဝန်း စုံစုံညီညီ တွေ့ဆုံကြရပါတယ်။ ကျွန်တော်တို့အတူ ပဲခူး၊ ရန်ကုန်မှာ လည်ပတ်ကြည့်ရှုကြတယ်။ ‘မဲခေါင်စာပေဆု’ကို အကြောင်းပြုပြီး ကျွန်တော်တို့ ပိုမိုပြီး ချစ်ကြည်ရင်းနှီးလာကြပါတယ်။”

၂၀၂၀ ပြည့်နှစ်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်(၇၀)ပြည့်အခါသမယ ဖြစ်ပါတယ်။ နှစ်သစ်အစမှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က မြန်မာပြည်ကို အလည်အပတ်ရောက်ရှိကြည့်ရှုခဲ့တယ်။ “သမ္မတ ရှီကျင့်ဖိန်က မြန်မာပြည်ကို လာရောက်တဲ့အတွက် နှစ်နိုင်ငံ စာပေဖလှယ်ရေးကို နက်ရှိုင်းစေဖို့ အရေးကြီးတဲ့ အဓိပွာယ်ဆောင်ပါတယ်။ မြန်မာနိုင်ငံ စာပေသမား၊ ဝတ္ထုတိုသမား တစ်ယောက်အနေနဲ့ နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေးကို ဦးတည်တဲ့ ရည်ရွယ်ချက်တွေနဲ့ စာပေအနုပညာလက်ရာတွေ ရေးသားဖော်ပြခြင်းနဲ့ ဂုဏ်ပြုဖို့ အစီအစဉ်ရှိပါတယ်။”လို့ ဆရာကိုရိုးကွန့်က ပြောပါတယ်။

“မြန်မာ-တရုတ် နှစ်နိုင်ငံဟာ တောတောင်ရေမြေချင်း ထိစပ်တဲ့ အိမ်နီးချင်းနိုင်ငံကောင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှုကို နက်ရှိုင်းစွာ လေ့လာဖို့နဲ့ နှစ်နိုင်ငံပြည်သူလူထုတို့ စိတ်ချင်းနီးစပ်စေဖို့ စာပေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါ့ကြောင့် စာပေနဲ့ ပတ်သက်တာတွေကို သီးသန့်လုပ်နိုင်ရင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးတဲ့ ကူးလူးဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ပါတယ်လို့ အကြံပြုတိုက်တွန်းပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအဓွန့်ရှည်ပါစေ လို့ ဆုတောင်းပေးပါတယ်။”လို့ ဆရာကိုရိုးကွန့်က ပြောပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006