နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
ဦးစိန်ဝင်းအောင်။ ။ မိတ်ဆွေဟောင်းတွေ စောင့်မျှော်နေ

2020-04-26 17:24:00 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှု ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“၂၀၀၀ ပြည့်နှစ်က ကျွန်တော် ပေကျင်းမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီပုံက အငြိမ်းစားယူခဲ့တဲ့ တရုတ်သမ္မတ ကျန်ဇီမင်းနဲ့ ကျွန်တော်တွေ့ဆုံခဲ့တဲ့ အမှတ်တရဓာတ်ပုံပါ။”

“၂၀၀၁ ခုနှစ်မှာ ကျွန်တော်တို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ‘မြန်မာနိုင်ငံရဲ့ (၅၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့’ဂုဏ်ပြုလှုပ်ရှားမှုကို ကျင်းပခဲ့တယ်။ ဒါက အဲဒီလှုပ်ရှားမှုရဲ့ မှတ်တမ်းဓာတ်ပုံတွေပါ။ ”

ထူးခြားတဲ့ ဓာတ်ပုံနံရံရှေ့မှာ အသက်(၇၀)ကျော် သက်ကြီးရွယ်အိုတစ်ယောက်က အသေးစိတ် ရှင်းပြနေပါတယ်။ ဓာတ်ပုံတိုင်းမှာ သူ့ရဲ့ အမှတ်တရဖြစ်စေတဲ့အကြောင်းအရာတွေဆောင်ကြဉ်းနေပါတယ်။

ဒီသက်ကြီးရွယ်အိုဟာ မြန်မာနိုင်ငံရဲ့ အကြီးတန်းသံတမန် ဦးစိန်ဝင်းအောင်ပါ။ ၂၀၀၀ ပြည့်နှစ်က ၂၀၀၃ ခုနှစ်အထိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ “ကျွန်တော့်အိမ်ကို ရောက်လာတဲ့ဧည့်သည်တိုင်းကို ကျွန်တော်က ဓာတ်ပုံအကြောင်းတွေ ပြောပြပါတယ်။ ကျွန်တော်နဲ့ တရုတ်နိုင်ငံရဲ့ ရေစက်ကို ရှင်းပြပေးတယ်။” ဦးစိန်ဝင်းအောင်က ဒီထူးခြားတဲ့ အချိန်ကို အမြတ်တနိုးပြောပြလေ့ရှိတယ်။

“တရုတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်တဲ့အချိန်က ကျွန်တော့် ဒီဖွံ့ဖြိုးမှုခွန်အားတွေနဲ့ပြည့်နေတဲ့နိုင်ငံကို ပိုမို သိရှိလာတယ်”လို့ ဦးစိန်ဝင်းအောင်က ပြန်ပြောင်းအောက်မေ့ပြီး ပြောပါတယ်။ သူက တရုတ်နိုင်ငံနေရာအသီးသီးကို သွားရောက်လေ့လာခဲ့တယ်။ နေရာအလိုက် မတူညီတဲ့ ခံစားချက်တွေရရှိခဲ့ပါတယ်။ ပေကျင်းမြို့ကနေ မြို့ပြဖွံ့ဖြိုးမှုအတွေ့အကြုံကို သင်ယူခဲ့တယ်။ ယူနန်ပြည်နယ်ကနေ မြန်မာ-တရုတ် ကုန်သွယ်ရေးကို ကြည့်ရှုခဲ့တယ်။ မောကောင်လှိုဏ်ဂူကနေ ယဉ်ကျေးမှုဆက်ခံတာတွေ လေ့လာခဲ့တယ်။

တရုတ်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတာတွေဟာ ဦးစိန်ဝင်းအောင်အတွက် အမှတ်တရများစွာဖြစ်စေခဲ့တယ်။ သူက တရုတ်-မြန်မာ အစဉ်အလာ“ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးကို ပိုပြီး တန်ဖိုးထားပါတယ်။ “နှစ်နိုင်ငံပြည်သူလူထု ချစ်ကြည်ရေးအတွက် ကျွန်တော် ဒီအသင်းကို ထူထောင်ထားတာပါ။ အသင်းရဲ့ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေပါတယ်။”၂၀၀၃ ခုနှစ်မှာ ဦးစိန်ဝင်းအောင်ဟာ ပေကျင်းကနေ အမိနိုင်ငံကို ပြန်ရောက်ခဲ့တယ်။ တရုတ်နိုင်ငံအပေါ်ထားရှိတဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းကို ထူထောင်ခဲ့ပါတယ်။ သူက တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုရဲ့ အရေးပါမှုကို သိရှိပါတယ်။ ကိုယ့်လုပ်ဆောင်ချက်ဖြင့် နှစ်နိုင်ငံအစဉ်အလာချစ်ကြည်ရေးကို ခိုင်မြဲစေအောင် အကျိုးကျေးဇူးများ သက်ရောက်စေလျက်ရှိပါတယ်။

“ဒီနှစ် ကျွန်တော့်အသက် ၇၈ နှစ် ရှိပြီ။ ကျန်းမာရေးကြောင့် ကျွန်တော်ဟာ အလုပ်တာဝန် တော်တော်များများကို မဆောင်ရွက်တော့ဘဲ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တာဝန်ကိုပဲ ထမ်းဆောင်ပါတော့တယ်။”လက်ရှိအချိန်အထိ ဦးစိန်ဝင်းအောင်က တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးတဲ့ ကူးလူးဆက်ဆံရေးအတွက် ဆောင်ရွက်လျက်ရှိနေပါတယ်။ အထူးသဖြင့် နှစ်ဦးနှစ်ဖက်တို့ ပညာရေးဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အလုပ်များနေတာကို အမြဲတမ်း တွေ့ရှိနိုင်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံက လူငယ်များကို ပိုမိုနီးစပ်စေဖို့ ဦးစိန်ဝင်းအောင်က နှစ်နိုင်ငံ ပညာတော်သင်အပြန်အလှန်စေလွှတ်ခြင်းဖြင့် ဖလှယ်ရေးအပေါ် အထူးအားပေးထောက်ပံ့ပါတယ်။ မြန်မာနိုင်ငံ ကျောင်းသူကျောင်းသား(၂၀၀)ကျော်တို့ဟာ တရုတ်နိုင်ငံမှာ ပညာတော်သင်ဆည်းပူးဖို့ သူက ကူညီပေးခဲ့ပါတယ်။ “ကျောင်းပြီးလို့ အမိနိုင်ငံပြန်လာတဲ့အခါ နိုင်ငံတော်ဖွံ့ဖြိုးမှု ထောက်ပံ့ပေးဖို့နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး လက်ဆင့်ကမ်းဖို့ မျှော်လင့်ထားပါတယ်”လို့ ဦးစိန်ဝင်းအောင်က မြန်မာနိုင်ငံပညာတော်သင်တိုင်းကို အမှာစကားပြောပါတယ်။

ဒီနှစ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်တဲ့နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခါသမယဖြစ်ပါတယ်။ ဦးစိန်ဝင်းအောင်က တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ယုံကြည်စိတ် အပြည့် ရှိပါတယ်။ “တရုတ်သမ္မတရှီကျင့်ဖိန်က ၂၀၂၀ပြည့်နှစ် နှစ်သစ်ကူးအချိန်မှာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိကြည့်ရှုခဲ့တယ်။ ဒီခရီးစဉ်က ထူးခြားပါတယ်။ ရလဒ်လည်းများစွာရှိပါတယ်။”နှစ်ဦးနှစ်ဖက်တို့ နယ်ပယ်အသီးသီးမှာ အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်မှတ်ရေးထိုးတဲ့အတွက် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုထက် အဆင့်မြင့်တဲ့ဆက်ဆံရေးတစ်ခုရောက်ရှိကြောင်း ဦးစိန်ဝင်းအောင်က မြင်မိပါတယ်။ “ဒီသမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ရတဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်”လို့ ဦးစိန်ဝင်းအောင်က ပြောပါတယ်။

“မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တဲ့နှစ်(၇၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖို့ ကျွန်တော်တို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဟာ အထူးအစီအစဉ်လုပ်ထားပါတယ်”လို့ ဦးစိန်ဝင်းအောင်က ပြောပြတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ တရုတ်ပြည်ကနေ မြန်မာပြည်မှာ လာရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ဟောင်းတွေကို အလည်ခေါ်ယူဖိတ်ကြားဖို့ အစီအစဉ်ရှိပါတယ်။ သူတို့ တာဝန်ထမ်းဆောင်ခဲ့စဉ်က အမှတ်တရဖြစ်ခဲ့တဲ့နေရာကို ပြန်လည်သွားရောက် လည်ပတ်ပါမယ်။ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ဆွေးနွေးပါမယ်။ “ခေတ်သစ် မြန်မာ-တရုတ် ဆက်ဆံရေး မြှင့်တင်ဖို့ မိတ်ဆွေဟောင်းတွေ လာရောက်မှာကို ကျွန်တော် မြန်မာပြည်က စောင့်မျှော်နေပါတယ်”လို့ ဦးစိန်ဝင်းအောင်က မျှော်လင့်ချက်များစွာနဲ့ ပြောပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006