ပုံ။ ။ကျန်းထွန်(ယူနန်နေ့စဉ်သတင်းစာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆည်မြောင်းတာတမံဦးစီးဌာန၏ သတင်းအရ ၂၀၁၉ ခုနှစ်၌ ယူနန်ပြည်နယ်တွင် မိုးရေချိန်နည်းခြင်း၊ မိုးရေကျချိန်နှင့် မိုးရေကျနေရာ အလွန်အမင်း မညီမမျှဖြစ်နေခြင်း၊ တစ်ပြည်နယ်လုံးရှိ ရေလှောင်ဆည်တွင် ရေသိုလှောင်ရေပမာဏနည်းပါးခြင်း၊ နေရာတချို့တွင် ရေပြတ်လတ်မှုများဖြစ်ပေါ်နေပြီး ၂၀၁၉ ခုနှစ် ဆောင်းရာသီမှ ၂၀၂၀ ခုနှစ် နွေဦးရာသီအထိ ယူနန်ပြည်နယ်တွင် ပြင်းထန်သော မိုးခေါင်မှု ဖြစ်စေခဲ့ကြောင်း သိရပါသည်။ ၂၀၂၀ ခုနှစ်တွင် ပိုမိုဆိုးရွားသော မိုးခေါင်မှုအန္တရာယ်ကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် ဧပြီလ ၂၂ ရက်နေ့အထိ ယူနန်ပြည်နယ်သည် ဆိုးရွားသော မိုးခေါင်မှုကယ်ဆယ်ရေး လုပ်ငန်းများအတွက် လူပေါင်း ၁.၂၀၂၃ သန်း၊ မိုးခေါင်မှုဒဏ်ခံနိုင်သည့် စက်ကိရိယာပေါင်း ၅၂၆၀၀ ၊ ရန်ပုံငွေ တရုတ်ယွမ်ငွေ ဝ.၅၇ ဘီလီယံ (ဒေါ်လာ ၈၀၆.၂၃ သိန်း)ကို ရင်းနှီးမြှပ်နှံခဲ့ရာ စိုက်ခင်းဧရိယာ တရုတ်ဧက ၃၂.၄၃၂ (၂.၁၆ သိန်း ဟက်တာ)ကို ရေသွင်းစိုက်ပျိုးနိုင်ပြီး လူပေါင်း ၁၅ သိန်းနှင့် အိမ်မွေးတိရိစ္ဆာန်ပေါင်း ၄.၅၄၂ သိန်းတို့၏ သောက်သုံးရေခက်အခဲကို ယာယီဖြေရှင်းပေးနိုင်ကြောင်း သိရပါသည်။
သတင်းထောက် ။ ။ ချင်ကျင့် (တရုတ်သတင်းကွန်ရက်)