နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
အိုင်ရှောင်။ ။ရွှေမြန်မာပြည်လိုက်ကြည့်ပါ

2020-04-27 18:02:57 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှု ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“မင်္ဂလာပါ၊ လူကြီးမင်းအပေါင်းတို့ ခင်ဗျား။ ကျွန်တော် ကိုနေဖြူပါ။ ဒီနေ့ ကျွန်တော် တရုတ်နိုင်ငံ ကိုပြန်တော့မယ်။ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါမယ်။ စောင့်နေနော်။”

၂၀၁၉ ခုနှစ် သြဂုတ်လ(၇)ရက်နေ့က ယူနန်ပြည်နယ် ရွှေလီမြို့မှ ဓာတ်ပုံဆရာ အိုင်ရှောင်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာ့ရိုးရာဝတ်စုံ ၀တ်ဆင်ပြီး သင်ယူထားတဲ့ နေ့စဉ်သုံးမြန်မာစကားပြောတချို့ကိုပြောပြီး ဗီဒီယိုရိုက်ကူးကာ ဒီအခေါက် မြန်မာနိုင်ငံ ဓာတ်ပုံရိုက်ကူးရေးခရီးစဉ်ကို မှတ်တမ်းတင်ခဲ့တယ်။ ကိုနေဖြူဟာ အိုင်ရှောင်ရဲ့ မြန်မာနာမည်ပါ။

ရွှေလီမြို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ တည်ရှိပါတယ်။ နှစ်ဦးနှစ်ဖက်တို့ ကူးလူးဆက်ဆံရေး များပြားလှပါတယ်။ ငယ်ငယ်ကတည်းက ဒီနေရာမှာ ကြီးပြင်းခဲ့တဲ့ အိုင်ရှောင်အတွက် “မြန်မာနိုင်ငံ”ဆိုတာ ခဏခဏ ကြားဖူးနေတဲ့ ရင်းနှီးနေတဲ့စကားလုံးပါ။ သူ့အနီးအနားမှာ မြန်မာမိတ်ဆွေတွေ နေထိုင်ကြပါတယ်။ ဒီမြန်မာမိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အတွက် သူတို့ရဲ့ နေထိုင်မှုအလေ့အထတွေကိုလည်း သိကျွမ်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံခရီးစဉ်တစ်ခေါက်ကြောင့် အိုင်ရှောင်ဟာ အရင်တုန်းက တစ်ခါမှ မမြင်ဖူးတဲ့ ရှုခင်းသာကို ရှုစားခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ အိုင်ရှောင်ကို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့အရာတွေကို ပြသခဲ့ပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ အိုင်ရှောင်ဟာ လုပ်ငန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံပုဂံ၊ တောင်ကြီးစတဲ့ ဒေသတွေကို သွားရောက်ခဲ့တယ်။ တောင်ကြီးက ပုဂံကို ပြေးဆွဲတဲ့ လေယာဉ်ပေါ်ကနေ သူက အရောင်တောက်ပနေတဲ့ လယ်ယာခင်းကို ဓာတ်ပုံရိုက်ခဲ့တယ်။ ဒီလယ်ယာခင်းဟာ ငယ်ငယ်တုန်းက သူ့မေမေအသုံးပြုခဲ့တဲ့ ပိတ်တွေနဲ့စပ်ပြီးချုပ်ထားတဲ့ ထိုင်ခုံကို သူ့ကို အမှတ်ရစေတယ်။

“ဒီလယ်ယာခင်းက ကြည့်လို့ အရမ်းကောင်းပါတယ်။ ကျွန်တော့်ကို စွဲလမ်းတမ်းတစေတယ်။”နောက်သုံးနှစ်အကြာမှာ အိုင်ရှောင်ဟာ ကင်မရာတွေ မှန်ဘီလူးတွေကို သယ်ဆောင်ပြီး မြန်မာနိုင်ငံကို နောက်တစ်ခေါက်သွားရောက်ခဲ့တယ်။ နောက်ဆုံးမှာ သူက ကလောမှာ ဒီထူးဆန်းတဲ့ လယ်ယာခင်းအလှတရားကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ “ကိုယ်တိုင်သာမသွားမိရင် ကျွန်တော်ဟာ မြန်မာ့အလှတွေကို လက်တွေ့ခံစားနိုင်မှာ မဟုတ်ပါဘူး”လို့ အိုင်ရှောင်က ခံစားမှုနဲ့ အပြည့် ပြောပြတယ်။

တစ်ခေါက်ပြီးတစ်ခေါက် အကြိမ်ကြိမ်ရောက်ခဲ့တဲ့မြန်မာနိုင်ငံ ဓာတ်ပုံရိုက်ကူးရေးခရီးစဉ်တွေမှာ အိုင်ရှောင်ဟာ ကင်မရာဖြင့် မြန်မာနိုင်ငံရဲ့ လူနေမှုအလှတရားနဲ့ အဆောက်အဦးအလှတရား တွေကို မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ရွှေမြန်မာပြည်ကို လူသိပိုများစေချင်ပါတယ်။ လူတော်တော်များများဟာ သူ့ရိုက်ကူးတဲ့ ဆည်းဆာချိန် စေတီပုထိုးတွေနဲ့ ဦးပိန်တံတားနေထွက်ချိန် ဓာတ်ပုံတွေကို ကြည့်ရှုပြီးနောက် ရွှေမြန်မာပြည်ရဲ့ ဆွဲဆောင်မှုကို လက်တွေ့ခံစားဖို့ မြန်မာနိုင်ငံကို ခရီးသွားချင်တယ်လို့ အသီးသီး ဖော်ပြကြပါတယ်။

“ဒီလိုပြောတဲ့အတွက် မြန်မာနိုင်ငံသွားပြီး ဓာတ်ပုံရိုက်ကူးတာဟာ အဓိပ္ပာယ် အလွန်နက်ရှိုင်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်လို့ ကျွန်တော်မြင်ပါတယ် ”အိုင်ရှောင်က ပြောတယ်။ မြန်မာနိုင်ငံဟာ ထပ်ခါထပ်ခါ သွားထိုက်တဲ့နေရာပါ။ ကျွန်တော်တို့ လူမှုနှင့်သဘာဝအလှတရားတွေကို ရှုစားရင်းနဲ့ ကျွန်တော်တို့ ချစ်ခင်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်းကို ပိုမို သိရှိနိုင်ပါတယ်။

ကြီးမြတ်ခမ်းနားတဲ့ ရွှေတိဂုံစေတီတော်၊ သောင်းနှင့်ချီတဲ့ စေတီပုထိုးမြို့ပုဂံ၊ နှစ်ပေါင်း တစ်ရာကျော် ရှင်သန်လျက်ရှိနေတဲ့ ဦးပိန်တံတားကြီး၊ ဆန်းတင့်ဝေဆာလှတဲ့ မြိတ်ကျွန်းစု စတဲ့ မြန်မာနိုင်ငံရဲ့ အလှတရားတွေထဲမှာ အိုင်ရှောင်ဟာ ဦးပိန်တံတားမှာ နေ၀င်နေထွက်ကို ကြည့်ဖို့ အထူးကြိုက်ပါတယ်။ သူက တံတားအောက်ကနေ တံတားပေါ်မှာ သွားလာနေတဲ့လူတွေကို အမြဲ ဓာတ်ပုံရိုက်ကူးလေ့ရှိပါတယ်။ ခေါင်းပေါ်မှာ တောင်းတင်တဲ့အမျိုးသမီး၊ အလှတရားကို ရိုက်ကူးနေတဲ့ ခရီးသွားဧည့်သည်၊ နီးကပ်စွာ ပွေ့ပိုက်ထားတဲ့ ချစ်သူတွေစတာတွေပါ။

“နံနက်ပိုင်းနဲ့ ညနေဆည်းဆာချိန်မှာ ဦးပိန်တံတားရဲ့ ကောင်းကင်ဟာ ဆွဲဆောင်မှုအား ရှိလှပါတယ်။ နေရောင်ခြည်‌ကြောင့် ကောင်းကင်ဟာ အနီရောင်ဖြစ်လာပါတယ်။ ကောင်းကင်နောက်ခံထားပြီး တံတားရဲ့ ရုပ်ပုံလွှာကို ရိုက်ကူးနိုင်ပါတယ်။”ဒီထူးဆန်းလှပတဲ့ရှုခင်းသာကြောင့် အိုင်ရှောင်ဟာ ဒီတံတားကို နှစ်သက်လာပါတယ်။

အိုင်ရှောင်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ သူ့ရိုက်ကူးတဲ့ ဓာတ်ပုံတိုင်းနဲ့ ဗီဒီယိုတိုင်းမှာ ထင်ဟပ်ဖော်ပြနေပါတယ်။ စည်ကားလှတဲ့ လမ်းနံဘေးမှာ သတင်းစာဖတ်ရှုတဲ့ သက်ကြီး၊ ပြည့်သိပ်နေတဲ့ ဘတ်စ်ကားမှာ ဖုန်းကစားနေတဲ့လူငယ်၊ ကမ်းခြေမှာ ပျော်ပျော်ရွှင်ရွှင် ကစားနေတဲ့ကလေးတွေစတဲ့ မြင်ကွင်းဟာ အိုင်ရှောင်ရဲ့ ကင်မရာထဲက မြန်မာနိုင်ငံပါ။ အသက်ဝင်ပြီး သာယာလှပနေတယ်။

“တရုတ်-မြန်မာ နှစ်နိုင်ငံ ဓာတ်ပုံဆရာရိုက်ကူးတဲ့ ဓာတ်ပုံတွေနဲ့ နှစ်နိုင်ငံပြည်သူပြည်သားအကြား အချင်းချင်းသိရှိနားလည်မှုကို မြှင့်တင်ဖို့ ကျွန်တော့် မျှော်လင့်ထားပါတယ်။”

အနာဂတ်မှာ အိုင်ရှောင်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံ ဓာတ်ပုံဆရာဖောင်ဒေးရှင်းလို အဖွဲ့အစည်းကို ထူထောင်ပြီး နှစ်နိုင်ငံ ဓာတ်ပုံဆရာတို့သည် ဒီဖောင်ဒေးရှင်းကတစ်ဆင့် ရိုက်ကူးရေးစီမံကိန်းတွေကို လျှောက်ထားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံသား‌တွေက လူမှုကွန်ရက်မှာ ဓာတ်ပုံတွေကို ရှုစားဖို့ နှစ်သက်ကြောင်း၊ မြန်မာဓာတ်ပုံဆရာတွေဟာ တရုတ်နိုင်ငံမှာ ဓာတ်ပုံသွားရောက်ရိုက်ကူးလို့ အင်တာနက်မှာတင်ပြီး ပိုများတဲ့ မြန်မာပြည်သူပြည်သားတွေဟာ စစ်မှန်တဲ့ တရုတ်နိုင်ငံကို ပိုပြီး သိရှိနိုင်ကြောင်း သူက ဆက်လက်ပြောပါတယ်။

“မြန်မာနိုင်ငံ ဓာတ်ပုံရိုက်ကူးရေးခရီးစဉ်ဟာ မြန်မာနိုင်ငံကို လေ့လာသိရှိတဲ့ တံခါးကို ဖွင့်လှစ်ပေးခဲ့တယ်။ ကျွန်တော် မြန်မာနိုင်ငံကို ထပ်ခါထပ်ခါ သွားချင်ပါတယ်။”အိုင်ရှောင်ဟာ နောက်တစ်ခေါက်မြန်မာနိုင်ငံ ဓာတ်ပုံရိုက်ကူးရေးခရီးစဉ်ထပ်သွားဖို့ စောင့်မျှော်နေပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006