နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
ဦးမောင်မောင်ဦးနဲ့ တရုတ် ဂရိတ်ဝေါမဟာတံတိုင်းကြီး

2020-04-28 18:17:41 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှု ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“ကျွန်တော့်မှာ ‘ဂရိတ်ဝေါ’နဲ့ပတ်သက်ပြီး ထူးခြားတဲ့ ချစ်ခြင်းမေတ္တာ ရှိပါတယ်။” မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦးရဲ့ ရုံးစားပွဲ‌ပေါ်မှာ သူရဲ့ ဂရိတ်ဝေါမဟာတံတိုင်းကြီးကို သွားရောက်လေ့လာကြည့်ရှုစဉ်က အမှတ်တရဓာတ်ပုံတစ်ပုံနဲ့ သူ့ထူထောင်တဲ့“ဂရိတ်ဝေါ”အမှတ်တံဆိပ် မြန်မာ့တိုင်းရင်းဆေးတွေကို ခင်းကျင်းထားပါတယ်။

“‘ဂရိတ်ဝေါ’အမှတ်တံဆိပ်ကို ထူထောင်တာ အခုဆိုရင် နှစ်(၄၀)ပြည့်ပါပြီ။”၁၉၈၀ ပြည့်နှစ်မှာ ကျွန်တော်တို့ မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် “ဂရိတ်ဝေါ”အမှတ်တံဆိပ်ကို ထူထောင်ပြီး သကြားစက်လုပ်ငန်းအနေနဲ့ စတင်အသုံးပြုခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်မှာ သူဟာ မြန်မာတိုင်းရင်းဆေးလုပ်ငန်း စတင်လုပ်ကိုင်ရာမှာ “ဂရိတ်ဝေါ”အမှတ်တံဆိပ်က လူကြိုက်များ နာမည်ကြီးလာတဲ့အတွက်ကြောင့် ဒီအမှတ်တံဆိပ်ကိုပဲ ဆက်လက်သုံးစွဲခဲ့ကြောင်း ဦးမောင်မောင်ဦးက မိတ်ဆက်ပြောပြတယ်။

လက်ရှိအချိန်မှာ “ဂရိတ်ဝေါ”အမှတ်တံဆိပ် မြန်မာတိုင်းရင်းဆေးဟာ မြန်မာနိုင်ငံမှာ နာမည်ကျော်တဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ဦးမောင်မောင်ဦးဟာ မြန်မာရိုးရာတိုင်းရင်းဆေးလုပ်ငန်းအပေါ် မျှော်လင့်ချက်များစွာ ထားရှိပါတယ်။ သူက ရိုးရာတိုင်းရင်းဆေးကိစ္စရပ် ဖလှယ်ရေးလှုပ်ရှားမှုတွေနဲ့ တရုတ်နိုင်ငံသို့ ထပ်ခါထပ်ခါ သွားရောက်ပါတယ်။ ပိုမို နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေဖို့ပါ။

ဦးမောင်မောင်ဦးကို အမှတ်ရစေတဲ့ ခရီးစဉ်ဟာ ၂၀၀၈ ခုနှစ်က ပေကျင်းခရီးစဉ်ပါ။ “အဲဒီတစ်ကြိမ် ကျွန်တော် ပေကျင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရိုးရာတိုင်းရင်းဆေးအစည်းအဝေးကို ပါဝင်ဆင်နွှဲခဲ့တယ်။ ဒီအစည်းအဝေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရိုးရာတိုင်းရင်းဆေးကို အခြေပြုပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးပါ။ ”ဒီအစည်းအဝေးမှာ သူဟာ တရုတ်နိုင်ငံရဲ့ အထင်ကရ တရုတ်တိုင်းရင်းဆေးပါရဂူတွေနဲ့ တော်တော်များများ သိကျွမ်းရတာ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ရိုးရာတိုင်းရင်းဆေးရဲ့ ဖွံ့ဖြိုးထွန်းကားမှုကို ဖလှယ်တာ စတာတွေ ဦးမောင်မောင်ဦးက ပြန်လည်သတိရနေမိပါတယ်။

“ပိုပြီး တန်ဖိုးထားရတာက ကျွန်တော့် ‘ဂရိတ်ဝေါ ချစ်ကြည်ရေး’ရရှိခဲ့ပါတယ်”လို့ ဦးမောင်မောင်ဦးက စိတ်အားထက်သန်စွာ ပြောပြပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်တဲ့အချိန်မှာ သူနဲ့ အသစ်သိကျွမ်းတဲ့ တရုတ်ပါရဂူတွေနဲ့အတူ ဂရိတ်ဝေါ မဟာတံတိုင်းကြီးကို တက်ခဲ့ကြပါတယ်။ တောင်ထိပ်ပေါ်မှာ သူက ဂရိတ်ဝေါ မဟာတံတိုင်းကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို ခံစားခဲ့မိပါတယ်။ မြန်မာ-တရုတ် ရိုးရာတိုင်းရင်းဆေးဖလှယ်ရေးမှာ တည်တံ့ခိုင်မြဲတဲ့ ချစ်ကြည်ရေးကို ရရှိပါတယ်။

ဒီ“ဂရိတ်ဝေါ ချစ်ကြည်ရေး” ရရှိလာတဲ့အတွက်ကြောင့် ဦးမောင်မောင်ဦးက တရုတ်-မြန်မာ ရိုးရာတိုင်းရင်းဆေးဖလှယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ တက်ကြွစွာ ဝိုင်းဝန်းဖော်ဆောင်လျက်ရှိနေပါတယ်။ “မြန်မာ-တရုတ် နှစ်နိုင်ငံ ရိုးရာတိုင်းရင်းဆေးပညာရပ်ဟာ သမိုင်းကြာရှည်စွာ ရပ်တည်လျက်ရှိပြီး လေးနက်တဲ့ ယဉ်ကျေးမှု အနှစ်သာရ ရှိပါတယ်။ အများပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ အရေးပါတဲ့ အထောက်အပံ့တွေနဲ့ အကျိုးပြုနေပါတယ်”လို့ ဦးမောင်မောင်ဦးက သူ့အမြင်ကို ပြောပါတယ်။ လတ်တလောကာလ နှစ်နိုင်ငံရဲ့ ရိုးရာတိုင်းရင်းဆေးပညာရပ်နယ်ပယ်မှာ အပြန်အလှန် လေ့လာပြီး မှီငြမ်းဖို့ သူအပါအဝင်ဖြစ်တဲ့ နှစ်နိုင်ငံ ရိုးရာတိုင်းရင်းဆေးပါရဂူနဲ့ လုပ်ငန်းရှင်တွေဟာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို အများကြီး ဆောင်ရွက်ခဲ့တယ်လို့ သူက ဆက်လက်ပြောပြတယ်။ ယင်းအနက် ထူးခြားတဲ့ အောင်မြင်မှုတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံမှာ သွားရောက်သင်ကြားလာခဲ့တဲ့ မြန်မာတိုင်ရင်းဆေးပညာရှင်တွေဟာ မြန်မာနိုင်ငံမှာ တရုတ်အပ်စိုက်ပညာရပ်ကို ထူထောင်ပေးနိုင်ခဲ့ပါတယ်။ “တရုတ်ပြည် နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ်က ဆရာမဟာ မြန်မာနိုင်ငံတိုင်းရင်းဆေးတက္ကသိုလ်ကို အထူးရောက်ရှိလာပြီး တရုတ်အပ်စိုက်ပညာရပ်ကို သင်ကြားပြသပေးခဲ့ပါတယ်။ ပိုများတဲ့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေကို တရုတ်တိုင်းရင်းဆေးပညာရပ် ပိုမို သိရှိလာစေပါတယ်”လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ်က တရုတ်-မြန်မာ တရုတ်တိုင်းရင်းဆေးဖလှယ်မှုစင်တာကို မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ ရိုးရာတိုင်းရင်းဆေးပညာနယ်ပယ်မှာ လက်တွေ့ဖော်ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်တို့ ရိုးရာတိုင်းရင်းဆေး စိုက်ပျိုးရေး၊ သုတေသနပြုရေး၊ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး စတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ဆောင်ဖို့ ပလက်ဖောင်းအသစ်ကို တည်ဆောက်ပေးလိုက်တာပဲဖြစ်တယ် လို့ ဦးမောင်မောင်ဦးက သုံးသပ်ပြောကြားပါတယ်။

“မြန်မာ-တရုတ် ရိုးရာတိုင်းရင်းဆေးပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ် ဖွင့်လှစ်ပြီး နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရေး တည်တံ့ခိုင်မြဲပါစေ။”၂၀၂၀ ပြည့်နှစ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့်အခါသမယဖြစ်ပါတယ်။ အပြန်အလှန် အကျိုးပြုအောင်မြင်တဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်နိုင်ငံရဲ့ ရိုးရာတိုင်းရင်းဆေးပညာရပ်နယ်ပယ်မှာ ပိုများတဲ့ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်ရေးကို မြှင့်တင်ဖော်ဆောင်ဖို့လည်းကောင်း၊ နှစ်နိုင်ငံပြည်သူပြည်သားတို့၏ ကျန်းမာရေးသည် ဂရိတ်ဝေါ မဟာတံတိုင်းကဲ့သို့ ကြံ့ခိုင်အောင် တည်ဆောက်ဖို့လည်းကောင်း ဦးမောင်မောင်ဦးက မျှော်လင့်လျက်ရှိပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006