ဧပြီလ ၂၈ ရက်နေ့တွင် တာ့လီ-ရွှေလီ မီးရထားလမ်းပိုင်းရှိ တာ့ကျုစမ်းဥမင်လိုဏ်ခေါင်းကို အောင်မြင်စွာ ဖောက်လုပ်ပြီးစီးပြီဖြစ်၍ တာ့လီ-ရွှေလီ မီးရထားလမ်းတည်ဆောက်ရေးအတွက် အရေးကြီးလှသော တိုးတက်မှုအတွက် အသိအမှတ်ပြုမှု ရရှိထားသည်။
တာ့ကျုစမ်းဥမင်လိုဏ်ခေါင်းသည် ၂၀၀၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ စတင်တည်ဆောက်ခြင်းဖြစ်ပြီး ကနဦးဆောက်လုပ်ရေးကာလကို ၅ နှစ်ခွဲ ခန့်မှန်းခဲ့သည်။ သို့သော် အင်မတန် ရှုပ်ထွေးလှသော ဘူမိအခြေအနေနှင့် တည်ဆောက်ရေးအခက်အခဲများကို ရင်ဆိုင်ရသောကြောင့် ၁၂ နှစ်ကြာမျှ ဖောက်လုပ်ခဲ့ရပြီးနောက် နောက်ဆုံးတွင်တဆက်တည်းဖောက်လုပ်ပြီးစီးလာရာ “တရုတ်နိုင်ငံရှိ အခက်ဆုံး ဖောက်လုပ်ရသော မီးရထား ဥမင်လိုဏ်ခေါင်း” ဟု အသိအမှတ်ပြုကြပါသည်။ အနာဂတ်တွင် ဤ ၁၄ ကီလိုမီတာကျော်ရှိသော ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းရန် ၇ မိနစ်မျှသာ လိုအပ်မည်ဖြစ်သည်။
တာ့လီ-ရွှေလီ မီးရထားလမ်းသည် တာ့လီမြို့နှင့် ရွှေလီမြို့ အသွားအပြန်မီးရထားလမ်းဖြစ်ပြီး ၃၃၀ ကီလိုမီတာရှိသည်။ ၁၃၄ ကီလိုမီတာရှိသော တာ့လီ-ပေါင်စမ်းလမ်းပိုင်းသည် ၂၀၀၈ ခုနှစ် ဇွန်လက စတင်တည်ဆောက်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြီးစီးရန် ခန့်မှန်းထားသည်။ ၁၉၆ ကီလိုမီတာရှိသော ပေါင်စမ်း-ရွှေလီ လမ်းပိုင်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ဆောက်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သတင်းအရသိရပါသည်။
သတင်းထောက်။ ။ရှဖန်းဟိုင်(ယူနန်ကွန်ရက်)
သတင်းပို့ဆောင်သူ။ ။နျူရွံကျန့် ရန်ဟန် ဟုပ်ရွံ့ပင်း(ယူနန်ကွန်ရက်)