နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
တရုတ်-မြန်မာ အမနှင့် ညီမ “ဆုံဆည်းရာ”

2020-04-29 16:32:36 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှု ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

ယူနန်ပြည်နယ် လင်ချန်းမြို့ မွန်တင့်မြို့နယ်မှာ တည်ရှိတဲ့ “ဆုံဆည်းရာ”အရှေ့တောင်အာရှစတိုင်လ်စားသောက်ဆိုင်ဟာ နာမည်ကျော်ကြားတဲ့အတွက် စားသုံးသူ တော်တော်များများကို အရောက်လာစေသလို ဖောက်သည်တွေကိုလည်း အမြဲ အမှတ်ရစေလျက်ရှိပါတယ်။ စားသုံးသူတွေဟာ ဒီစားသောက်ဆိုင်မှာ ကြိမ်ဖန်များစွာ ဆုံဆည်းပြီး သုံးဆောင်ကြတဲ့အတွက် ဆိုင်ရဲ့ စီးပွားရေး တအား ကောင်းပါတယ်။ ဒီစားသောက်ဆိုင်က တရုတ်မိန်းကလေးတစ်ယောက်နဲ့ မြန်မာမိန်းကလေးတစ်ယောက်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး ချစ်ကြည်ရေး ပေါင်းသင်းဆက်ဆံတဲ့ နေရာလည်းဖြစ်လို့နေပါတယ်။

၂၀၀၀ ပြည့်နှစ် နွေရာသီမှာ မွန်တင့်မြို့နယ်ရဲ့ ရာသီဥတုဟာ အလွန် ပူပြင်းပါတယ်။ တရုတ် မိန်းကလေး ထောင်ဝမ်ထုံနဲ့ မြန်မာမိတ်ဆွေ မေရှန်တို့ဟာ ဒီမြို့နယ်ရဲ့ လမ်းကလေးတွေအကြား လျှောက်သွားပြီး စိတ်ကြိုက်အအေးဆိုင်တစ်ဆိုင် ရှာကြပါတယ်။ ရှာတွေ့ပြီးနောက် ဆိုင်မှာ အချိုရည်တစ်ခွက်စီ သောက်သုံးရင်းနဲ့ စကားစမြည်ပြောဖြစ်ပါတယ်။ “မွန်တင့်ရဲ့ နေရာအနှံ့ကို ရှာဖွေခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ စိတ်တိုင်းကျတဲ့ အအေးဆိုင် တစ်ဆိုင်မှ ရှာမတွေ့ခဲ့ဘူး”လို့ ထောင်ဝမ်ထုံက ပြန်လည်တွေးမိရင်း အဲဒီအချိန်မှာပဲ သူမနဲ့ မေရှန်တို့ဟာ သူတို့ရဲ့ အိပ်မက်ထဲက အအေးဆိုင်တစ်ဆိုင် ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ပြောပြောဆိုဆိုပဲ ချက်ချင်းထလုပ်လိုက်ကြတဲ့ ဒီနိုင်ငံခြား ညီအစ်မနှစ်ဦးဟာ အသက်ငယ်ရွယ်စဉ်အခါမှာရှိတဲ့ အားသွန်ခွန်စိုက် ရှေ့တိုးဆောက်ရွက်တတ်တဲ့ လူငယ်စွမ်းအင်တွေနဲ့ မွန်တင့်မြို့နယ် ဟင်းသီးဟင်းရွက်ဈေးမှာ သံပုရာရည်ဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ အအေးဆိုင်ဖွင့်ချင်တဲ့ ပထမခြေလှမ်းကို စတင်လျှောက်လှမ်းတာပဲ ဖြစ်ပါတယ်။“မေရှန်ကို အမှတ်အရဆုံး ဖြစ်စေတဲ့ ဇာတိအရသာဟာ အရသာစစ်မှန်ကောင်းမွန်တဲ့ သံပုရာရည်တစ်ခွက်ပါ။ တစ်ငုံ သောက်လိုက်တာ အပူကျစေနိုင်ပါတယ်။ ”အရသာစစ်မှန်တဲ့ မြန်မာသံပုရာရည်ကို ပြုလုပ်ဖို့ သူမတို့ ပင်ပန်းဆင်းရဲစွာ ရှာခဲ့ရတဲ့ တရုတ်ယွမ် ၆၀၀ နဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီးဒေသခံပြည်သူဆီမှာ လေ့လာသင်ယူကြပါတယ်။ မြန်မာနိုင်ငံမှာ သူမတို့နှစ်ဦးဟာ အအေးဆိုင်က သံပုရာရည်တစ်ခွက်ကို မှာပြီး ဘေးနားက ဆိုင်ရှင်ရဲ့ ပြုလုပ်ပုံနည်းစနစ်တွေကို အသေးစိတ် သေချာလေ့လာခဲ့ကြပါတယ်။

“ကျွန်မတို့ ‘လျှို့ဝှက်ချက်’တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆိုင်ရှင်တွေဟာ အရည်အသွေးကောင်းတဲ့ သံပုရာသီးတွေကို အသုံးပြုကြတယ်။ သံပုရာရည်ဖျော်တဲ့ သံပုရာသီးဟာ အလုံးကြီးတယ်။ အနံ့လည်း မွှေးပါတယ်။ ”ဒီရှာဖွေတွေ့ရှိချက်ဟာ သူမတို့နှစ်ယောက်ရဲ့ အကြီးမားဆုံး ရလဒ် ဖြစ်ပါတယ်။ မြန်မာသံပုရာရည်တစ်ခွက် ကောင်းကောင်းပြုလုပ်နိုင်တဲ့ အဓိကသော့ချက်ကို သဘောပေါက်နားလည်သွားကြပါတယ်။ မွန်တင့်မြို့နယ်ကို ပြန်ရောက်ပြီးနောက် ထောင်ဝမ်ထုံနဲ့ မေရှန်တို့ ဆိုင်ဖွင့်ဖို့ စတင်စီစဉ်ကြပါတယ်။ “‘ဆုံဆည်းရာ’ဟာ မေရှန်ရဲ့ အကြိုက်ဆုံးဖြစ်တဲ့ မြန်မာဘာသာစကား ဝေါဟာရဖြစ်ပါတယ်။ ‘အတူစုစည်းခြင်း’လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်မကတော့ တရုတ်ရှေးဟောင်းကဗျာထဲက ‘ရှောင်ချူ’(တရုတ်နိုင်ငံရှေးဟောင်း အဆောက်အဦး တစ်မျိုး)ကို သဘောကျပါတယ်။”သူတို့နှစ်ယောက်စလုံး သဘာတူညီချက် ရရှိပြီးနောက် ဆိုင်ရဲ့နာမည်ကို “ဆုံဆည်းရာ”လို့ အမည်မှည့်ပေးလိုက်ပါတယ်။

“ဆုံဆည်းရာ”အအေးဆိုင်ကို ချောမွေ့စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆိုင်ဖွင့်စမှာ စားပွဲ ၈ ပွဲပဲ ခင်းကျင်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ထောင်ဝမ်ထုံနဲ့ မေရှန်တို့ တအားပျော်ခဲ့တယ်။“ကျွန်မတို့ နှစ်သက်တဲ့ မြန်မာသီချင်းတွေကို ဖွင့်နိုင်ပြီး ကျွန်မတို့ ကြိုက်တဲ့ မြန်မာသံပုရာရည်နဲ့ ထမင်းကြော် ရောင်းချနိုင်ပါတယ်။ ဒါက ကျွန်မတို့ရဲ့ အိပ်မက်ထဲက အအေးဆိုင်ပါပဲ။ ”မိမိ သဘောကျနှစ်သက်တဲ့ ပစ္စည်းတွေကို တခြားသူတွေကို မျှဝေပေးရတာဟာ အဓိပ္ပာယ် နက်ရှိုင်းပါတယ်လို့ ထောင်ဝမ်ထုံက ယူဆပါတယ်။ သူမတို့နှစ်ယောက်ကို စိတ်အားထက်သန်စေတာက စားသုံးသူများစွာဟာ “ဆုံဆည်းရာ”မှာ ချစ်ခင်ရင်းနှီးမှုကို ခံစားစေနိုင်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပိုမို များပြားတဲ့လူတွေက “ဆုံဆည်းရာ”ကို သိကျွမ်းလာပါတယ်။ စားသုံးသူတွေဟာ “ဆုံဆည်းရာ”မှာ မြန်မာအရသာရှိတဲ့ သံပုရာရည်ကောင်းတစ်ခွက်ကို အမြဲတမ်း သောက်သုံးနိုင်တယ်လို့ အသီးသီး ဖော်ပြကြပါတယ်။ မြန်မာထမင်းကြော်တစ်ပွဲနဲ့ မြန်မာသံပုရာရည်တစ်ခွက် ဆိုတာကတော့ စားသုံးသူတွေအတွက် မဖြစ်မနေ မှာကြတဲ့ စားစရာတွေ ဖြစ်လာပါတယ်။ အလတ်ဆတ်ဆုံး အသီးနဲ့ အရည်အသွေးအကောင်းဆုံး ပါဝင်ပစ္စည်းတွေကို စွဲစွဲမြဲမြဲ အသုံးပြုထားတဲ့ သံပုရာရည် တစ်ခွက်ဟာ စားသုံးသူတွေကို အမှတ်ရစေတဲ့ မမေ့နိုင်စေတဲ့ အရသာဖြစ်ကြောင်း၊ ဒီဟာက သူမနဲ့ မေရှန်တို့ “ဆုံဆည်းရာ”ကို လည်ပတ်စေတဲ့ ထာဝရထိန်းသိမ်းထားတဲ့ သဘောတရားဖြစ်ကြောင်း ထောင်ဝမ်ထုံက ပြောပါတယ်။

“ဆုံဆည်းရာ”ဟာ ဒီနိုင်ငံခြားညီအစ်မနှစ်ဦးရဲ့ နက်ရှိုင်းတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးကို သက်သေပြုတဲ့နေရာဖြစ်သလို သူမတို့ အိပ်မက်ဖော်ဆောင်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီနှစ်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ်(၇၀)ပြည့် အခါသမယဖြစ်တဲ့အတွက် “ဆုံဆည်းရာ”မှာ ပိုမို များပြားတဲ့ ချစ်ကြည်ရေးကို သက်သေပြုနိုင်ပါစေ၊ စစ်မှန်တဲ့ ဟင်းသီးဟင်းရွက် ပါဝင်ပစ္စည်းတွေနဲ့ အရသာကောင်းမွန်တဲ့ ဟင်းလျာတွေကို ချက်ပြုတ်ပြီးနောက် မြန်မာအစား အစာ နှစ်ကြိုက်တဲ့ စားသုံးသူတွေအတွက် မျှဝေပေးနိုင်ပါစေလို့ ထောင်ဝမ်ထုံက ဆုတောင်းကာ မျှော်လင့်လျက်ရှိပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006